အသွေးအသားထက် ပိုသော
သို့
ခယ်မအခန်း ၃၆
အခန်းထဲကို ဝင်လာတဲ့ မေရီထိုက်က
စျာန်ကို ကြည့်လိုက်ပြီး ရှေ့က ခုံမှာ ဝင်ထိုင်သည် ။" ကို စျာန် ကို မေးစရာ ရှိလို့ "
စျာန် ခေါင်းညိတ်ပြရင်း
" မေးလေ ၊ မင်း စိတ်ထဲ ရှိတာ ဒီနေ့
အကုန်ချပြပြီး မေးလို့ ရတယ် ၊ နောက်နေ့ အခွင့်အရေး
မရှိဘူး "
"မေးခွန်း မမေးခင် အရင်သိချင်တာ လေး ရှိတယ်
ကိုစျာန်က အလုပ်ထဲ ရုံးထဲကို အရင်က လို ထိုက်ကို
တိုက်ရိုက် ဝင်ခွင့် မပြုတော့ဘဲ ဘာဖြစ်လို့ ကန့်သတ်ထားတာ လဲ "
" ငါ့ အလုပ်ကို ထိခိုက်လို့ လေ..၊ မင်းက ပြသနာ ကိုပဲ
သယ်လာတော့ ငါ စီစစ်ရတော့ တာပေါ့ "
မေရီထိုက် မဲ့ပြုံးလေး ပြုံးရင်း
" ကိုစျာန်က ထိုက်ကို ပြသနာ ရှာတဲ့ သူလို့
ပြောချင်တာလား ၊ "
" မင်းနဲ့ ကိုယ် ဒီစကားကို ဆွေးနွေးကြမှာလား ၊
ဒါမှမဟုတ် တခြား မင်းမေးချင်တာ ရှိလား ၊
ငါ့မှာ အလုပ်တွေ အရမ်းများတယ် "
" ကိုစျာန် က ထိုက်အတွက်သာ အလုပ်များတယ်
ဖြစ်တာပါ ၊ ကိုစျာန် ခယ်မ အတွက် ကျ အဲဗား အားတယ် မို့လား "
စျာန် မျက်မှောင်ကို ကြုတ်လိုက်ရင်း
" မင်း ငါ့ကို စကားနာ ထိုးလို့ ဘာမှ မရဘူး ၊
မင်း အနေနဲ့ ငါ့ရဲ့ အချိန်ပေးမှုကို လိုချင်ရင်
ငါ စိတ်ပျက်အောင် မလုပ်နဲ့ ပေါ့ ၊ မင်း လုပ်ချင်တာ
လုပျပွိီးမှ ငါ့ကို စကားနာ လာထိုးတော့
ငါက ဒါအတွက် ခံစားပေးမယ်လို့ များ မင်းထင်လား "
မေရီထိုက် ဘာမှ မပြောတော့...။ သူမ က လည်း
စကားနာထိုးဖို့ထက် အဆိပ်ရှိကြောင်း ပြချင်လို့ လေ... ။