အပိုင်း(၈၄)

Start from the beginning
                                    

သူမ ချီနန်ကိုကြည့်လိုက်အချိန်မှာ ချီနန်ရဲ့ မျက်လုံးထဲမှာ ပျော်မြူးရိပ်တချို့ကို မြင်လိုက်ရ၏။

ချီနန်ဆီမှာ ဝိညာဉ်တွေကို အနိုင်ယူဖို့ စွမ်းရည်ရှိတာကြောင့် ဝိညာဉ်တွေနဲ့‌တွေ့ရမှာကို မကြောက်ဘူးဆိုရင်တောင် သူကဘာလို့ နောက်ထပ်ကြုံတွေ့လာမှာတွေအတွက် မျှော်လင့်ပြီး ပျော်နေနိုင်ရတာလဲ? ဒါမှမဟုတ် သူ့မှာနောက်ထပ် အကြံအစည်တွေရှိနေသေးတာလား?

ကျန်းယွီက အဲ့ဒီအကြောင်းကိုတွေးပြီး မျှော်လင့်နေမိသည်။

ချီနန်က သူ့ဇာတ်ကောင်နဲ့ပတ်သက်ပြီး သဲလွန်စအဖြစ်ရထားတဲ့ လက်စွပ်တစ်စုံကို ပျင်းပျင်းနဲ့ဆော့နေမိလိုက်သည်။ ခဏလောက်နေတော့ သူအကြံရသွားပြီး လက်စွပ်ကို သူရဲ့လက်ခလယ်မှာ စွပ်လိုက်၏။

လုပိုင်ကျိုးက အဲ့ဒါကိုမြင်တော့ ပြောလာသည်။
"အဲ့လိုစုံတွဲ လက်စွပ်တွေက အဲ့မှာဝတ်ရမှာ မဟုတ်ဖူး လက်သကြွယ်မှာ ဝတ်ရမှာ"

ချီနန်က ခဏလောက်ကြာမှ လုပိုင်ကျိုးပြောတဲ့အတိုင်း လက်စွပ်ကို လက်ခလယ်ကနေ လက်သကြွယ်ကို ပြောင်းစွပ်ပြီး ပြောလိုက်သည်။
"ဒီလိုလား"

ချီနန်က လက်စွပ်စွပ်ထားတဲ့ သူရဲ့လက်ကိုမြှောက်လိုက်ပြီး မိုးတိမ်တွေကြောင့် မှိန်မှိန်သာရှိတော့သည့် နေရောင်အောက်မှာ ကြည့်လိုက်သည်။ လက်စွပ်ရဲ့အရောင်က ခပ်မှိန်မှိန်ဖြစ်နေ၏။

ချီနန်က လက်စွပ်ကို လက်ခလယ်ပဲစွပ်စွပ် လက်သကြွယ်ပဲစွပ်စွပ် ကွာခြားချက်မရှိဟုထင်သည်။ လက်စွပ်က ဘာမှပြောင်းလဲမသွားပေ။

လုပိုင်ကျိုးက ချက်ချင်းစိတ်ရှုပ်ထွေးသွားသည်။ ကားထဲမှာ အရမ်းတိတ်ဆိတ်လွန်းတာကြောင့် လှုပ်ရှားမှုသေးသေးလေးကတောင် ကြောက်ရွံ့နေတဲ့ပေ့မော့ကို ထိတ်လန့်တုန်လှုပ်‌ေစနိုင်၏။ ပေ့မော့က တုန်ရီနေတဲ့အသံနဲ့ လုပိုင်ကျိုးကို မေးလာသည်။

"ဘာဖြစ်လို့လဲ? တစ်ခုခုဖြစ်လို့လား?"

လုပိုင်ကျိုးက ကားလမ်းတစ်ဖက်က မြက်ခင်းကို လက်ညှိုးထိုးပြီး မျက်မှောင်ကြုတ်၍ ပြန်‌ဖြေလာသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now