အပိုင်း(၈၄)

Start from the beginning
                                    

ချီနန်က သူ့ရဲ့စွမ်းရည်နဲ့ တခြားလူတွေကိုကူညီချင်ပုံမရပေ။ သူမလည်း ကံကောင်းသွားလို့သာ ချီနန်ဆီက အကူအညီကို ရခဲ့တာ ဖြစ်သည်။

ကားက လမ်းမကြီးပေါ်တွင် တစ်နာရီကို 80 ကီလိုမီတာနှုန်းဖြင့် ‌ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်သားတွေကို တင်ပြီး အမည်မသိနိုင်တဲ့ စီရင်မှုတစ်ခုဆီကို ဦးတည်ပြီး ဆက်သွားနေခဲ့သည်။

နေအပူရှိန် အရမ်းပြင်းလွန်းတာကြောင့် အိမ်မက်ဆိုးကမ္ဘာဟာ အရောင်တွေ လွင့်လာသလို ဖြစ်လာပြီး ကားပြတင်းပေါက်ကနေ မြင်နေရတဲ့ သဘာဝရှုခင်းတွေကလဲ တဖြည်းဖြည်း မှိုင်းတိုင်းတိုင်းဖြစ်လာခဲ့သည်။

အခုကားပေါ်မှာ ကြားနေရတဲ့ သီချင်းသံ ‌နှေးနှေးလေးက သူတို့ကို စိတ်အေးအောင် နောက်ဆုံးလုပ်ပေးနိုင်တဲ့အရာ ဖြစ်သွားနိုင်သည်။ နောက်ထပ်မိုးရေထဲမှာပေါ်လာမယ့် ဝိညာဉ်ကလည်း ဘယ်သူနဲ့သက်ဆိုင်နေမယ်ဆိုတာ မသိနိုင်ပေ။

နောက်ထပ်ဖြစ်လာမယ့်အရာကို လူတိုင်းကထိတ်လန့်နေကြသည်။ SUV ကားလေးက နာရီဝက်လောက်မောင်းပြီးတဲ့အချိန်မှာ ရေဒီယိုကနေ ကြေညာချက်ကိုထပ်ကြားလိုက်ကြရ၏။

[ ရေဒီယိုနားဆင်သူများနှင့် ခရီးသွားမိတ်‌ဆွေများ အားလုံး၊ အခုက‌တော့ မိုးလေဝသ ကြေညာချက်ပဲဖြစ်ပါတယ်။ အဝေးပြေးလမ်းမ 404 တွင် နောက်လာမယ့် သုံးနာရီအတွင်း မိုးသည်းထန်စွာ ရွာမှာဖြစ်ပါတယ်။ ဒါကြောင့် လမ်းတွေချော်နေပြီး မြင်ကွင်း‌‌ေတွကိုလဲ ထိခိုက်နိုင်တာကြောင့် ဒရိုင်ဘာမိတ်ဆွေများနဲ့ ခရီးသွားများရဲ့ အန္တာရာယ်ကင်းဖို့က ပထမမို့ ကားကိုဂရုတစိုက်မောင်းနှင်ကြပါ ]

ရေဒီယိုက အမျိုးသမီးရဲ့ အသံချိုချိုက သူတို့ရဲ့အသက်အန္တရာယ် ထိခိုက်တော့မှာကို သတိပေးနေသည့် ကျိန်စာတစ်ခုလို ဖြစ်နေသည်။ လုပိုင်ကျိုးနဲ့ ပေ့မော့ရဲ့ မျက်နှာတွေက သိသိသာသာဖြင့် ရုပ်ဆိုးသွားခဲ့၏။ ရက်စက်တဲ့ မကောင်းဆိုးဝါးဝိညာဉ်ရဲ့ အသက်အန္တရာယ် ထိခိုက်စေမှုကို ကြုံတွေ့ပြီးသွားတဲ့ ကျန်းယွီက တခြားလူတွေကို သေချာလိုက်ကြည့်မိလိုက်သည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now