Extra(Happy Nay Zayan's Day)

Mulai dari awal
                                    

"ဒီဝက်ဝံရုပ်လေးနဲ့ဘူးရယ်၊ပြိုင်ကားရုပ်လေးနဲ့ဘူးရယ် ပါပါး"

"အွန်း....ဒါလေးရော ကြည့်ကြည့်၊သူကအထဲမှာလည်း အကန့်လေးတွေအများကြီးပါသေးတယ်
ဪ လက်ကိုင်လေးကလည်း ချစ်စရာလေးပဲ ကြည့်ဦး သား"

စင်ရှေ့မှာ သားတော်မောင်ဘေး ဒူးထောက်ထိုင်ပြီး ခေါင်းချင်းဆိုင်သွားတဲ့သားအဖနှစ်ယောက်ကြောင့် ကျွန်တော် ခေါင်းတရမ်းရမ်းနဲ့သာ သက်ပြင်းချလိုက်မိတော့သည်။
ခုနက ပျင်းနေပြီ၊ဗိုက်ဆာပြီအော်နေတဲ့သားကလည်း ခုကျတော့ သူ့ပါပါးနဲ့ခေါင်းချင်းဆိုင်ပြီး ထမင်းဘူးရွေးနေတာများ ကိုယ့်ကိုရှိမှန်းတောင်မသိတော့။
တော်တော်လည်း တရားကျဖို့ကောင်းတဲ့ သားအဖတွေပါပဲ။

"ကဲ ဘာတွေဝယ်ဖို့ကျန်ပါသေးလဲခင်ဗျာ"

"ကိုကိုးနော်....နေခဲ့ဆိုတော့လည်း မနေခဲ့ဘဲနဲ့၊ခုမှ လူကိုလာပြီး ထေ့ငေါ့မနေနဲ့
လိုအပ်လို့ဝယ်တာ၊မလိုရင်မဝယ်ဘူး သိလား"

"သိပါတယ်ဗျာ၊သိပါတယ်
အခုတော့ ကိုယ်တို့နေ့လည်စာစားကြရအောင်လေ ငယ်ရဲ့၊၁၂ကျော်နေပြီ
သားလည်း အဆာလွန်သွားဦးမယ်"

"ဟုတ်သားပဲ၊နာရီတောင်မကြည့်မိဘူး ဟီးဟီး
အဲဒါဆို ငွေရှင်းကြစို့ လာလာ"

စျေးဝယ်နေရရင် ငယ်က ဘယ်တုန်းကများ နာရီကြည့်လို့လဲတော့ မေးမနေတော့။
လှည်းကိုတွန်းရင်းသာ ငွေရှင်းကောင်တာဆီ သွားပေးလိုက်တော့သည်။
Cashierတွေရှိတဲ့ကောင်တာတွေက လူတွေတန်းစီနေကြတာမို့ မြန်မြန်ပြီးမဲ့ ကိုယ်တိုင်ရှင်းရတဲ့စက်မှာသာ ကိစ္စဖြတ်လိုက်ရ၏။

"ပါပါး Apple ကြက်ကြော်နဲ့ဘာဂါစားချင်တယ်"

သားကို ကိုယ်တိုင်ပြင်ဆင်ပြီးသား အမြဲကျွေးတာမို့ ဒီလိုတစ်ခါတရံတောင်းဆိုရင်တော့ fast foodစားဖို့ကို လိုက်လျောပေးဖြစ်၏။
သားအတွက် ကြက်ကြော်နဲ့ဘာဂါမှာပေးပြီး ကိုကိုးနဲ့ကျွန်တော့်အတွက်တော့ နှစ်ယောက်လုံးကြိုက်သည့် တရုတ်ဆိုင်က ဝက်လက်ပေါင်း၊ချိုချဉ်ကြော်နဲ့ ထမင်းနှစ်ပွဲမှာလိုက်သည်။
ကားထဲမှာ ပစ္စည်းတွေသွားထားသည့် ကိုကိုးတစ်ယောက် သူကြိုက်တာတွေမြင်ရင် အမောပြေသွားမှာ သေချာသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Dec 25, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Unexpected Love(Completed)Tempat cerita menjadi hidup. Temukan sekarang