Episode29

15.6K 1.3K 34
                                    

​နောက်တစ်​နေ့တစ်​နေကုန် အိမ်မှာ အချိန်ကုန်ပြီး​ ​ရွှေတိဂုံဘုရားဆီ​ရောက်​တော့ ည၇နာရီ
​နေမဝင်တဝင်အချိန်ရယ်၊ဆည်းလည်းသံ​တွေနဲ့ တိတ်ဆိတ်​နေတဲ့ ရင်ပြင်က စိတ်ကိုငြိမ်းချမ်းမှုအပြည့်ရတယ်။
နှစ်​ယောက်အတူလက်တွဲရင်း ဘုရားရင်ပြင်ကို ပတ်​တော့ ​ကောင်မ​လေးတစ်ချို့က တီးတိုးတီးတိုးသဖန်းပိုး လုပ်​နေကြတယ်။
သူတို့ပုံစံကြည့်ရတာ ဟိုတ​လောက ဂယက်​ကြောင့် ကျ​နော်တို့ကိုသိတဲ့သူ​တွေပဲ ထင်ပါတယ်။

​​နေ့နံ​တွေဘာ​​တွေ ကြည့်မ​နေဘူး၊လူရှင်းတဲ့ ​ထောင့်တစ်​နေရာက​နေပဲ နှစ်​ယောက်အတူ ဘုရားရှိခိုးလိုက်တယ်။ဘုရားကိုလာရခြင်းရဲ့ ရည်ရွယ်ချက်ကိုက ဘုရားကိုကြည်ညိုစိတ်နဲ့ ဖူးချင်ရုံသက်သက်ပဲ​လေ။​ကောင်းတာလုပ်တဲ့​နေရာမှာ
​နေ့နံ​တွေ၊ရက်စွဲ​တွေမလိုဘူးလို့ပဲ ကျ​နော်တို့နှစ်​ယောက်လုံး ​တွေးတာကိုး။

"​အေးချမ်းလိုက်တာဗျာ"

"အွန်းဆို...ကိုကို​ကျောင်းတက်တုန်းကဆို တစ်လတစ်​ခေါက်​တော့ ဘုရားဖူးရင်း ရင်ပြင်မှာလာထိုင်တယ်...ညစ်ညူး​နေတဲ့စိတ်​​​တွေရှိရင် လူကို​​အေးချမ်းသွား​စေတယ်ထင်လို့"

"အင်း​နော်..ကျ​နော်က​တော့ ဒီလို ညဖက်လာရတာကို ပိုကြိုက်တယ်ဗျ..ကိုး​ရော"

"တူတူပဲ...ဘုရားရဲ့​ရွှေဓါတ်ကလည်း ညဆို လူ​တွေရဲ့ ညစ်ညူး​နေတဲ့စိတ်ကို ပိုသက်သာ​စေတယ်ထင်တယ်
လူ​တွေမှာ ညစ်​​ထေး​နေတဲ့အရာ​တွေကို ​ရွှေဓါတ်က သက်သာ​စေတယ်လို့ဆိုကြတယ်
ကိုကိုထင်တာ​တော့ ​ရွှေတိဂုံဘုရားရဲ့ ​ရွှေပမာဏက မနည်းဘူး​လေ၊အဲ့ဓါတ်​တွေ​ကြောင့်ပဲ လူ​တွေက ဘုရားလာဖူးတဲ့အခါ ​သောက​တွေ သက်သာကြရထင်တယ်၊ယုံကြည်မှု၊ကြည်ညိုကိုးကွယ်မှုကလည်း တစ်ပိုင်း​ပေါ့"

"မီတူး..ကျ​နော်လည်း အဲ့လိုပဲထင်တယ် အဟွန်း"

နှစ်​ယောက်အတူရယ်​မောရင်း လမ်း​လျှောက်​နေတုန်း

"ဟာ ယံ..မင်းပြန်​ရောက်​နေတာလား"

"​​​ဟာ ကိုနိုင်..သူငယ်ချင်း၊ဟုတ်တယ်ကွ..မ​​နေ့ည​နေကမှ ​ရောက်တာပါ"

Unexpected Love(Completed)Where stories live. Discover now