Episode5

30.3K 2.7K 26
                                    

​တစ်ခါတစ်​လေ ကျ​နော်တို့ ကြိုမမြင်ရတဲ့ ကံတရားက ကျ​နော်တို့ဘဝ​တွေကို ​ပြောင်းလဲ​စေတဲ့အထိ ဖြစ်တတ်ပါတယ်။

ကံတရားရဲ့ လှည့်ကွက်မှာ အလူးအလဲခံရတာက ပါပါးနဲ့မာမားရဲ့ ကားအက်ဆီးဒန့်ဆိုရင်
တစ်သက်လုံး မ​စဥ်းစားကြည့်ဖူးတဲ့ အိမ်​ထောင်​​ရေးတစ်ခု၊အဲ့အိမ်​ထောင်​ရေးမှာမှ ကိုယ့်တွဲဖက်ပါတနာက ကိုယ်နဲ့မျိုးတူ ​ယောက်ျားတစ်​ယောက်ဆိုတာက​တော့ ကံတရားက ကျ​နော့်ကို ကျီစယ်လွန်းသွားပြီထင်တယ်။

​​မရင်းနှီးတဲ့ စူးရှရှအနံ့အသက်​တွေ၊လက်ဖျံ​သွေး​ကြောဆီက စူးခနဲနာကျင်မှု
​တောင်းပန်သံတစ်ချို့တစ်ဝက်၊ငို​နေတဲ့ အမျိုးသမီးတစ်​ယောက်အသံ
ခန္ဓာကိုယ်ဆီက ရလာတဲ့ ဆိုးဆိုးရွားရွားနာကျင်မှု
ဖြစ်နိုင်ရင် မျက်လုံး​တွေ မဖွင့်ချင်​တော့ဘူး
တစ်ဖက်က အသိစိတ်မဲ့​နေလို့ ကျုးလွန်ခဲ့တယ်ဆိုရင်...အသိစိတ်ရှိ​နေခဲ့တဲ့ ကျ​နော်က​ရော
​အသိစိတ်ရှိ​နေခဲ့​ပေမယ့် ​နေမ​ကောင်းဖြစ်​နေတဲ့
ခန္ဓာကိုယ်ကိုပဲ အပြစ်တင်ရမလား
ဘာကိုမှ ရင်မဆိုင်ချင်လို့ မျက်လုံး​တွေ ထာဝရပိတ်သွားတာမျိုးပဲ လိုချင်မိတယ်။

မှိတ်ထားတဲ့ မျက်လုံးထဲမှာ မ​နေ့ကအဖြစ်အပျက်​တွေက အစီအရီပြန်​ပေါ်လာတယ်။

>>>>Flashback<<<<
သူငယ်ချင်း​တွေနဲ့ ​တွေ့ဖို့ တက်တက်ကြွကြွပဲ ထွက်သွားတဲ့ ကို​နေဇယံကို အလွန်အကျွံ​တွေ မ​သောက်ဖို့ မှာ​နေတဲ့ အန်တီ​မေ့ကို ထိုင်ကြည့်ရင်း မာမားကို​တောင် သတိရမိ​သေးတယ်။

"သားယံ သူငယ်ချင်း​တွေက သိပ်ဆိုးကြတာ ​အငယ်​လေးရယ်၊မိန်းမကိစ္စ စိတ်မဝင်စားတဲ့ သားငယ်ကို သူတို့လို အိမ်​ထောင်ရှင်ဖြစ်​စေချင်ကြတာလည်း အရမ်းပါပဲ
အန်တီ​မေက လူငယ်တွေကိစ္စ၊သားကိုယ်တိုင်ကလည်း သူ့သ​ဘောနဲ့သူ လုပ်ခွင့်အပြည့်ရှိတာမို့
သူတို့​တွေ ခင်မင်​ပေါင်းသင်းကြတာကို ဝင်မစွက်ဖက်ပါဘူး။ဒါ​ပေမယ့် သူငယ်ချင်းအချင်းချင်း သားငယ်မ​သောက်နိုင်တဲ့ အရက်ပြင်းပြင်း​တွေထဲကို ​ဆေးခတ်ပြီး သားငယ်ကို ကြိုက်​နေတဲ့ ​ကောင်မ​လေးနဲ့ ထည့်လွှတ်ဖို့ လုပ်တာထိ​တော့ အန်တီတို့ သ​ဘောမကျဘူး​လေ
အဲ့တုန်းက သားငယ်က သူတို့ကြံစည်တာ​တွေ သိသွားပြီး ကြို​ရှောင်နိုင်ခဲ့လို့၊ဘာမှမဖြစ်ကုန်တာ
အ​ပေါင်းအသင်းမက်တဲ့ ကိုယံက​လေ၊သူ့သူငယ်ချင်း​တွေကို အပြစ်မမြင်ဘူး။သူ​​ရှောင်နိုင်ပါတယ်ပဲ အမြဲ​ပြောတာ
အခုလည်း အန်တီ​မေ့မယ် ဘုရားတ​နေရတယ်၊ဘာသံ​တွေကြားရဦးမလဲ ဆိုပြီး​လေ"

Unexpected Love(Completed)Where stories live. Discover now