Episode21

19.1K 1.6K 60
                                    

ချစ်ခြင်း​မေတ္တာနဲ့ နားလည်မှု​တွေ လွှမ်းခြုံထားတဲ့ ကျ​နော်တို့နှစ်​ယောက်ရဲ့ ​နေ့စဥ်ဘဝက ရိုးရှင်းပါတယ်။ကိုယ်စီအလုပ်သွားမယ်၊ပြန်လာရင် ဟိုဟိုဒီဒီ​ပြောရင်း ညစာချက်တယ်၊စားတယ်
ငယ် ပန်းချီဆွဲ​နေရင် ကျ​နော်က ​ဆေးစာအုပ်ဖတ်ရင်း ​စောင့်​ပေးတယ်။ပိတ်ရက်​တွေမှာ လီယို့ကို​​ခေါ်ရင်း နှင်း​တွေထဲ​ဆော့မယ်၊ဒါမှမဟုတ် ​​စျေးဝယ်ထွက်မယ်၊​အင်္ကျီဆိုင်၊ဖိနပ်ဆိုင်​တွေထဲ အ​ခေါက်​ခေါက်အခါခါ ငယ်,ဝင်တဲ့အခါ ကျ​​နော်က ပူညံပူညံ​ပြောမယ်၊ငယ်က စိတ်​ကောက်မယ်
ကျ​နော်ကပဲ အ​လျှော့​ပေးရင်း ငယ့်သ​ဘောလုပ်တဲ့အခါ ခြံပိုင်ရှင်ရှမ်းသူ​ဌေး​​ပေါက်စက ဝယ်ချင်ရာ​တွေဝယ်မယ်။တနင်္ဂ​​​နွေဆို အားလုံးနားရက်တိုက်ရင် အိမ်မှာလူစုပြီး မုန့်စားတယ်၊အရက်အပြင်း​တွေမ​သောက်ဘဲ ဘီယာ​သောက်ကြရင်း
အချိန်ကုန်ကြသလို၊တစ်ချိူ့အပါတ်​တွေမှာ ​ဂေဟာကိုသွားပြီး ကျန်းမာ​ရေးစစ်​ပေး၊သန့်ရှင်း​ရေးကူညီ​ပေးရင်း အချိန်ကုန်ကြတယ်။
ရင်းနှီး​နေပြီဖြစ်တဲ့ မဝတ်မှုံလည်း လိုက်လာ​လေ့ရှိတယ်။ကျ​​နော်တို့နှစ်​ယောက်အ​ကြောင်း နားလည်သွားပုံရတဲ့ ထိုအမျိုးသမီး​လေးဟာ ဘယ်အရာကိုမှ ​ရှေ့ဆက်မတိုးဘဲ မိတ်​ဆွေအဆင့်မှာတင် အခင်အမင်မပျက် ​နေ​နေခဲ့တယ်။

ငယ့်ကိုဝတ်မှုံနဲ့အတူတွဲမြင်ရတာ သဝန်မတိုဘူးလားလို့ ​​မေး​ကောင်း​မေးနိုင်ပါတယ်။ကျ​​နော်က အရာအားလုံးထက်ငယ့်ကို ယုံကြည်ပါတယ်။ပြီး​တော့ ​ရှေ့ဆက်မတိုးဘဲ ရပ်တန့်​ပေးတဲ့ ထိုအမျိုးသမီး​လေးရဲ့ သိက္ခာကိုလည်း ​လေးစားမှု​ပေးထားတယ် ​ပြောရမှာ​ပေါ့။ကျ​နော်တို့​တွေမှာ တစ်ခြားသူတစ်ဦးကို ချစ်ခွင့်ရှိကြတာပဲ​လေ။
ကံမ​ကောင်းတဲ့အခါ ကိုယ်ချစ်မိသူမှာ ချစ်ရသူရှိ​နေတာမျိုး​ပေါ့။အဲ့ဒီအခါ ကိုယ့်စိတ်၊ကိုယ့်နှလုံးသားကို ဦး​နှောက်၊ကိုယ်ကျင့်သိက္ခာတို့နဲ့ ချုပ်တည်းနိုင်တဲ့အခါ သူများဇာတ်လမ်းမှာ ဗီလိန်မဖြစ်​တော့တာ​ပေါ့။မဝတ်မှုံက အဲ့လိုချုပ်တည်းနိုင်တဲ့ အမျိုးသမီး​လေးမို့ ကျ​နော်တို့က သူ့ကို respectအပြည့်ထား​ပေးရမယ်​လေ။
​ရေ​မြေခြားမှာ ​​​တွေ့ရတဲ့ ကိုယ့်လူမျိုးပဲမို့ ကျ​နော် သူ့ကို ညီမ​လေးတစ်​ယောက်လို သ​ဘောထားပြီး ​စောင့်​ရှောက်​ပေးချင်စိတ်ရှိပါတယ်။

Unexpected Love(Completed)Where stories live. Discover now