Extra 3

21.1K 1.2K 44
                                    

"ဖွား​ရေ... Appleလာပြီ"ဆိုပြီး ​​​ငွေ​ရောင်ဆံရှည်​လေး​တွေ တလွင့်လွင့်နဲ့ ပြေးသွားတဲ့​ကောင်​လေးရယ်၊လက်ဆန့်တန်းရင်း ကြို​နေတဲ့ ခပ်​ချော​ချောအမျိုးသမီးကြီးရယ်ကို ​လေ​ဆိပ်ထဲကလူ​တွေက ​သ​ဘောတကျ​ငေးကြည့်​နေကြ​လေရဲ့

"ဖွား​မြေး​လေးကို ဖွားကလွမ်းလိုက်ရတာ​တော် အမ​လေး ဒီပါး​ဖောင်း​ဖောင်း​လေး​တွေ​ရော​ ​မွှေးချင်​နေတာ ဒီအဖွားက"

​လေဆိပ်က ခုံ​ပေါ်မှာတင် မဆိုင်းမတွနမ်း​နေတဲ့ ဘွား​အေရယ်၊သ​​ဘောတကျအနမ်းခံ​နေတဲ့ ​မြေး​ပေါက်စရယ်ကိုကြည့်ပြီး ပလစ်ခံထားရတဲ့၂​ယောက်က​တော့ တစ်​ယောက်ကိုတစ်​ယောက်ကြည့်ရင်းသာ မချိပြုံး​လေးနဲ့ ​ရပ်​နေရရှာတယ်။
ဒါ​တောင် မီးငယ်​ကျူရှင်ချိန်ရယ်၊မီးငယ်တို့​ကျောင်းက အစည်းအ​ဝေးကိုသွားရတာ​ရယ်ကြောင့်  မီးငယ်တို့သားအမိက လာမကြိုနိုင်လို့။မဟုတ်ရင် ​ဘယ်​လောက်​တောင်အလွမ်းသယ်​နေလိုက်ကြမလဲ မသိ။

"ငယ် ​ရေ၊အရင်က ကိုယ်တစ်​ယောက်ထဲ ပလစ်ခံရတာ၊ခု​တော့ ပလစ်ခံရတဲ့အထဲ ငယ်လည်းပါသွားပြီ"

"အဟွန်း... Appleတို့မျက်နှာကြီးတာ သိရတာ​ပေါ့ ကိုးရယ်"

"ဖွား..​ဖေနဲ့ပါးက Jealousဖြစ်​နေကြတာ"

"အမ​​လေး ဟုတ်ပ​တော်၊ဟုတ်ပ..ဖွား​မြေး​လေး​က ​ပြောတတ်လိုက်တာ"  ဆိုပြီး နမ်းရှူံ့​နေပြန်တဲ့ ​မြေးအဖွား​ကြောင့် ကျ​နော်နဲ့ကိုယံမှာ ရယ်ရင်းသာ ကြည့်​နေရ​တော့တယ်။
အိမ်အပြန်လမ်းတစ်​လျှောက်ကလည်း သားရဲ့ လက်ညှိုးတထိုးထိုးနဲ့ ​မေးမြန်းသမျှ​တွေ​ဖြေရင်း
ကား​လေးထဲမှာ အသံ​တွေညံစီ​နေ​တော့တယ်။
သူ့ဖ​အေနှစ်​ယောက်ရဲ့ ဇာတိနိုင်ငံ၊အင်း ပြီး​တော့ သား​မေ​မေရဲ့ ဇာတိနိုင်ငံလည်းဖြစ်တဲ့အတွက် သားကလည်း ဒီလူမျိုးရဲ့​သွေး​တွေ စီးဆင်း​နေတဲ့ က​လေးပဲ​လေ။သူလည်း ဒီ​မြေကို ခင်တွယ်မှာပါပဲ။

••••••••••••••

"ပါပါး ပူတယ်၊ဒီမယ် Apple​ချွေး​တွေ များကြီးပဲ"

ဒီ​ရောက်မှဝတ်ရ​တော့တဲ့ ချိုင်းပြတ်အင်္ကျီ​လေးကို ဗိုက်​ပေါ်​အောင်လှန်လို့ ​အိမ်ထဲ​ပြေးဝင်လာတဲ့ ပန်းသီးလုံး၊ သား​ပြောသလိုပါပဲ တစ်ကယ်လည်း ​ချွေး​တွေကိုရွှဲစို​နေ​တော့တာပဲ
ရန်ကုန်​ဆောင်းက​တော့ သူ့သဘာဝအတိုင်း ပူ​နေတဲ့အချိန်ကခပ်များများဆို​တော့ ​အေးတဲ့နိုင်ငံမှာပဲ ​နေလာရတဲ့သားအတွက် နည်းနည်း​တော့ ဒုက္ခများရှာတယ်။
ခပ်မြင့်မြင့်ထုံး​​ပေးထားတဲ့ ဆံထုံး​​သေး​သေး​​လေး​ကလည်း ​ခေါင်း​​​ချွေး​တွေနဲ့ဖြစ်​နေရှာပြီ။
ရှူံ့မဲ့ပြီး ရင်ခွင်ထဲမျက်နှာအပ်ပြီး တအီအီဖြစ်​​နေတာက သူပူလို့ ​ရေချိုးချင်​နေပြီဆိုတဲ့သ​ဘော

Unexpected Love(Completed)Where stories live. Discover now