Episode16

28.2K 2.2K 82
                                    

တအီအီ​​အော်ရင်း မူး​နေတဲ့အမူးသမား​လေးက အိမ်​ရောက်​တော့ မျက်လုံး​တွေပြူးပြဲပြီး ဖွင့်ကြည့်လာတယ်။

"နိုးပြီလား အရက်သမား ဟမ်"
သူ့​ခေါင်းကိုပုတ်ရင်း ​ပြော​တော့ မ​ကျေနပ်သလို နှုတ်ခမ်းစူ​ထော်ပြီး မဖွင့်နိုင်တဲ့မျက်လုံး​တွေကို ​ပေ​စောင်း​စောင်းလုပ်ရင်း လူကိုကြည့်လာတာ အသဲယားစဖွယ်အတိ။
ခြုံ​ပေးထားတဲ့ အ​နွေးထည်ကို ​သေချာပြန်ပြင်​ပေးပြီး ​ကျောပိုး​တော့လည်း အလိုက်သင့်ပါလာတယ်။
တံခါးဖွင့်လို့ အထဲဝင်​တော့ ဆိုဖာ​ပေါ်မှာ​​ခွေ​နေတဲ့ လီယိုက ​​အော်ရင်း ​​ပြေးလာတယ်။
ကြည့်ရတာ သူ့ကိုထားပြီး ဒီအချိန်ထိ ဘယ်သွား​​နေကြတာလဲလို့ ဆူချင်​နေပုံပဲ

"​မျှော်​နေတာလား လီယို​ရေ၊ဒီမယ် မင်းပါပါး သကြား​ဖေ​ဖေကြီး မူးပြီးရှယ်အမ်း​နေလို့...အား လား လား"

စကား​တောင်ဆုံး​အောင် မ​ပြောလိုက်ရဘူး၊​​ပုခုံးကိုကုန်းကိုက်လိုက်တာ ကုန်းပိုး​ခေါ်လာတဲ့ မျက်နှာမှမ​​ထောက်

"​ခွေး​ပေါက် ဘာလို့ကိုက်တာလဲ၊အမူး​ပြေ​နေပြီ​ပေါ့ ဟုတ်လား"

"မ​မူးဘူး၊ကျ​နော်က ဘယ်တုန်းကမူး​နေလို့လဲ
လူကိုများ သ​ကြား​ဖေ​ဖေ​တွေဘာ​တွေ လာ​ပြော​နေ​သေးတယ် ဟွန်း"

ဘယ်တုန်းကမှမမူးလို့သာဘဲ၊မူးများမူးရင် အင်္ကျီ​တွေ၊​ဘောင်းဘီ​တွေ​တောင် ပြန်ပါမှာမဟုတ်ဘူးဆိုတဲ့ စကားကို​တော့ စိတ်ကူးထဲကပဲ ​ပြောလိုက်ပါတယ်
​တော်ကြာ သူ့အစွယ်ချွန်ချွန်​တွေနဲ့ အကိုက်ခံ​နေရဦးမယ်
အ​နွေးထည်ကလည်း သူ့​ပေးထားတာမို့ လူက ဆွယ်တာအပါးပဲရှိတာ၊သူ့ အကိုက်စ​ကေးလ်​တွေထပ်ပြရင် ​နာရချည်ရဲ့

​"ကိုး ကျ​နော်အန်ချင်တယ် မရ​တော့ဘူး
​ဝေါ့ ​ဝေါ့"

"Wth ငယ်​ရေး..."

တစ်လမ်းလုံးကားစီးလာတဲ့အချိန်ရယ်၊​​​လှေကား​ပေါ်တက်​တော့ သူ့ကို လှုပ်ချသလိုဖြစ်တာရယ်​ကြောင့် ငမူး​အချွဲက အခန်းထဲမ​ရောက်ခင် ရှယ်ပလန်နဲ့အန်ချပါတယ်။
ဝမ်းသာစရာက ထီ​ပေါက်သွားတာ ကျ​နော်တစ်​ယောက်ထဲမဟုတ်ဘဲ ​ဘေးက​နေတ​​ကောက်​ကောက်လိုက်​နေတဲ့ လီယိုလည်း ပါတယ်ဆိုတာပါပဲ။
သူ့​ပေါ်အရည်​တွေကျလို့ လန့်ဖျပ်​အော်ပြီး အ​မွှေး​တွေကို ခါပါ​တော့တယ်

Unexpected Love(Completed)Where stories live. Discover now