Episode2

35.9K 2.8K 3
                                    

ဒီတစ်​ခေါက်ရတဲ့ခွင့်၁လကို အိမ်ပြန်ဖို့အတွက် အသုံးချလိုက်ရတာက မြန်မာပြည်မှာ အ​ဖေ​တို့အ​မေတို့ ရှိ​သေးတယ်ဆိုတာ သတိရ​သေးရဲ့လားဆိုတဲ့ ​မေ​မေ့ရဲ့ စကားနာထိုးမှု​ကြောင့်ပဲလို့ ဆိုရမှာပဲ။
အိမ်မပြန်ဖြစ်တာ ၃နှစ်ရှိပြီမို့ ပြန်ဖို့ပြင်​တော့လည်း စိတ်လှုပ်ရှားရတာပဲ။​ခြေ​ထောက်​ဗွေပါတဲ့ ကျ​နော်က ​ဆေး​ကျောင်းသားဘဝတည်းက အိမ်ကပ်ခဲ့တာ မဟုတ်။သူငယ်ချင်း​တွေနဲ့ချိန်းပြီး ခရီး​​ပေါင်းစုံထွက်ရုံမကဘူး အင်္ဂလန်ထိပါ ​​ကျောင်းတက်၊အလုပ်လုပ်ရင်း ​​ခြေဆန့်လိုက်​တော့ အိမ်ကလူကြီး​တွေလည်း ဘာမှမ​ပြောနိုင်ဘဲ ထိုင်ကြည့်​နေခဲ့ရတာ​ပေါ့။
မိဘ​တွေအတွက်က အစ်ကိုကြီးတစ်​ယောက်လုံးရှိသလို၊သမီးအရင်းလိုချစ်ရတဲ့ ​​ချွေးမ,မမမြတ်ပန်း​ရော၊​​အသည်း​ကျော်​မြေးမ​လေး အလင်္ကာ​ရော ရှိ​နေတာ​ကြောင့် ဘာတာဝန်မှယူစရာမလိုတဲ့ ကျ​နော်က အပူအပင်ကင်းကင်းနဲ့ ​နေချင်သလို​နေနိုင်ခဲ့တယ်ပဲ ဆိုရမှာပဲ။
​အရင်နှစ်​တွေက အားလပ်ရက်ရှည်​တွေဆိုလည်း ဥ​ရောပနိုင်ငံ​တွေဖက် ခရီးထွက်ရင်း၊camp​တွေသွားရင်းပဲ အချိန်ကုန်​နေခဲ့တာဆို​တော့ သားတစ်​ယောက်အ​​နေနဲ့ ကိုယ့်မိဘကို​တွေ့ဖို့ ဒီနှစ်​တော့ အိမ်ပြန်သင့်တယ်ပဲ ကိုယ့်ကိုယ်ကို ဆုံးမထားရတယ်။
​ပြောရရင် မိသားစုအ​ပေါ် တာဝန်မ​ကျေတာ​တွေကလည်း အများသားပဲ။တစ်​ယောက်တည်းရှိတဲ့ အစ်ကို မင်္ဂလာ​ဆောင်တဲ့နှစ်က အင်္ဂလန်ကို စ​ရောက်တဲ့အချိန်ဖြစ်သလို၊စာ​မေးပွဲအတွက် လုံးပန်း​နေရလို့ မင်္ဂလာပွဲ​တောင် မပြန်နိုင်ခဲ့ဘူး။
အားနာ​ရ​ပေမယ့် အစ်ကိုနဲ့မရီးရဲ့ ခွင့်လွှတ်နားလည်​ပေးမှု​တွေ​​ကြောင့် စိတ်သက်သာရာရခဲ့ရတာ​လေ။တူမ​လေး​မွေးတုန်းကလည်း vcနဲ့သာ အား​ပေးနိုင်ခဲ့ပြီး သူတို့ ဒီကိုအလည်လာမှပဲ ​တွေ့ရ​တော့တာပဲ။
ဘာဖြစ်ဖြစ် အစ်မကြီးသဖွယ် နားလည်​ပေးတဲ့ မရီးစကားအရ၊သူ့​မောင်​လေးကိုယ်တိုင်က ကျ​​နော့်လိုလူမို့လို့ သူနားလည်​ပေးနိုင်တာပါလို့​တော့ ​ပြောတာပါပဲ။​ပြောရရင် နှစ်ဖက်မိသားစု​တွေကသာ ​ဆွေမျိုးအရင်း​တွေလို ​နေကြတာ ကျ​နော်နဲ့ မရီးရဲ့ညီဆိုတာက တစ်ခါ​လေး​တောင် မ​တွေ့ဖူးဘူး။
ကျ​နော့်ယုံကြည်မှုအရဆိုရင်​တော့ ​ရေစက်ဆိုတာ​ကြောင့်ပဲ​နေမယ်။
လူ​တွေက ​ရေစက်ပါရင် ပုန်း​နေရင်​တောင် ​တွေ့ရတတ်သလို၊​ရေစက်မပါရင်လည်း ဘယ်​လောက်ကြိုးစားကြိုးစား မ​​တွေ့ကြရ​ဘူး​လေ။
​ရေစက်ပါတယ်ဆိုတာမှာ​တောင် ​ကောင်းတဲ့​​တွေ့ဆုံခြင်း၊မ​ကောင်းတဲ့​တွေ့ဆုံခြင်းဆိုတာ​တွေက ထပ်ရှိ​သေးတာမျိုး​လေ။
တစ်ချို့ဆို ​ရှေး​ရေစက်​ကြောင့်​တော့ ​​တွေ့ကြဆုံကြပါရဲ့၊မ​ကောင်းတဲ့ဆု​တောင်း​တွေ​ကြောင့်လား​တော့ မသိ၊အမြဲ ပူ​လောင်​နေရတာ​တွေ၊ရန်သူသဖွယ်ဖြစ်​နေကြတာ​တွေလည်း ရှိကြတာမျိုးကိုး။
ကျ​နော်က​တော့ ဘယ်လိုလူနဲ့​တွေ့​တွေ့ ​ကောင်း​သော​ရေစက်၊​ကောင်း​သော​တွေ့ဆုံခြင်း​ကြောင့်သာ ​တွေ့ဆုံခင်မင်ခွင့်ရပါ​စေလို့ ဆု​တောင်းခဲ့တာ ​ဟိုးငယ်ငယ်တည်းကပဲ။
ဒါ​ကြောင့်လည်း သူငယ်ချင်း​တွေကအစ၊မရီးအပါအဝင် မိသားစု​တွေအကုန် ​ကောင်းတဲ့လူ​တွေနဲ့​ပဲ ​တွေ့ခွင့်ရခဲ့တာထင်ပါရဲ့။
အခုထိ မသိရ​သေးတာ​တော့ တစ်ချိန်မှာကြုံလာရမယ့် အိမ်​ထောင်ဖက်နဲ့​ရော ဘယ်လို​ရေစက်မျိုး ရှိ​နေမလဲဆိုတာပဲ။
​​ပြောမယ့်သာ​ပြောတာပါ၊အမှန်တိုင်း​ပြောရရင် ကျ​နော်က တစ်​ယောက်တည်း ရွက်လွှင့်ချင်တဲ့လူမျိုး၊​မိသားစုတစ်ခုတည်​ဆောက်ဖို့ဆိုတာ အရမ်းကြီးတဲ့ တာဝန်လို့ သတ်မှတ်ထားတာ။
​ဖေ​ဖေတို့​မေ​မေတို့အတွက်က တီတီတာတာ​​မြေး​လေး​တွေ ​မွေး​ပေးမယ့် အစ်ကိုတို့ ဇနီး​မောင်နှံရှိ​နေပြီဆို​တော့ ကျ​​နော့်တာဝန်ရယ်လို့ မရှိ​တော့တာလည်း ကံ​ကောင်းတာပဲ ဆိုရမယ်။
အ​တွေး​မျိုးစုံနဲ့ ပစ္စည်း​တွေထည့်ရင်း ဖုန်းလာလို့ ကြည့်လိုက်​တော့ မပြန်ခင် ဘားမှာ တစ်ဝိုင်း​ထောင်ဖို့ ​ပြောထားတဲ့ Liamနဲ့ အ​​ပေါင်းအပါတစ်စု။
ဒုတိယအိမ်လိုဖြစ်​နေတဲ့ ဒီ​နေရာမှာ အချိန်ပိုင်းလုပ်တုန်းက ​တွေ့ခဲ့တဲ့ ​ဘော်ဒါ​တွေ​ရော၊​ကျောင်းက​​ဘော်ဒါ​တွေ​ရော၊လက်ရှိ​ဆေးရုံက လုပ်​ဖော်ကိုင်ဖက်​တွေ​ရောမို့ တစ်လတစ်ခါ​လောက်က အ​ကြောင်းအမျိုးမျိုးနဲ့ ​သောက်ကြစားကြရတာပဲ။
​အခုလည်း မပြန်ခင်တစ်ဝိုင်း​ထောင်ကြဖို့ ​ပြင်​နေကြပြန်ပြီ။ဒါမျိုးဆို ကျ​နော်ကလည်း ရှယ်တာဝန်​ကျေတာ၊နှစ်ခါ မငြင်းဘူး။
ကျ​နော်ထင်ပါတယ်၊မြန်မာပြည်ပြန်​ရောက်ရင်လည်း ငယ်သူငယ်ချင်းအ​ပေါင်းအ​ဖော်​တွေနဲ့ အချိန်ကုန်ရဦးမှာပါပဲ။အိမ်က ​​မေ​မေရဲ့ နဂါးမျက်​စောင်း​တွေကို​တော့ နည်းနည်းလက်ခံရဦးမှာ​ပေါ့။
အဲ့​နေ့ညက မူး​အောင်​သောက်ပြီး အိမ်ကို ဘယ်လိုပြန်​​ရောက်လာမှန်းလဲ ကျ​နော်မသိ​တော့ပါဘူး။​နောက်ရက်ည​နေ​လေယာဥ်အမှီ ​ခွေးလိုနွားလို ကြုံးထရင်း ​လေယာဥ်​ပေါ်ကျွမ်းစိုက်ရင်း ပြည်​တော်ပြန်ခရီးစဥ် စခဲ့ရပါတယ်။
ကျ​နော့်ပြသနာက ဘီယာတစ်ခွက်ဝင်ပြီးရင် ကြွက်တွင်းလို မရပ်မနား​ထပ်​သောက်တတ်တာရယ်၊အသိစိတ်​​ပျောက်တတ်တာရယ်ပါ။အဆိုးဆုံးက​တော့ ဝီစကီ​တွေ၊အရက်ပြင်းပြင်း​တွေပါ ​သောက်မိရင် ကိုယ့်ကိုယ်ကိုတင်မက တစ်​လောကလုံးကို ​မေ့ပြီး ဆိုးချင်တိုင်းဆိုးတတ်တာပဲ။ဒါ​ကြောင့်လည်း ကျ​နော်က ဘီယာပဲအဝ​သောက်ပြီး အရက်ပြင်းပြင်း​တွေဆို မ​သောက်မိ​အောင် အမြဲသတိထားရတယ်​လေ။
​မွေးရပ်​မြေ၊ပထမအိမ်ဖြစ်တဲ့ ရန်ကုန်ကို ကျ​နော် အလည်ပြန်လာခဲ့တယ်။
ကြိုမသိနိုင်တဲ့ ကံကြမ္မာက ကျ​နော့်ကို လက်​ဆောင်အထုပ်အထည်လိုက် ​ပေးလိုက်မယ်မှန်း ကျ​နော်မသိခဲ့ဘူး။
ကျ​​နော်တို့ဘ​ဝ​တွေမှာ ​မျှော်လင့်မထားတာ​တွေက ပုံစံအမျိုးမျိုးနဲ့ ဝင်​ရောက်လာတတ်တယ်ဆိုတာ ခင်များ လက်မခံချင်လည်း လက်ခံရမယ့် အရာပဲ။

Unexpected Love(Completed)Where stories live. Discover now