Episode11

29.1K 2.1K 79
                                    

ကိုယံ ညဂျူတီသွားရတဲ့ တစ်ပါတ်တာမှာ
ကျ​နော်လည်း ညဖက်​တွေ ပန်းချီဆွဲဖြစ်တယ်။
ကိုယံက​တော့ ကျ​နော် အဲ့လို​နေတာကို မကြိုက်​ပေမယ့် အတင်းအကြပ်​တော့ မ​ပြောရှာပါဘူး။
အရမ်း ညနက်တဲ့အထိ မဆွဲဖို့၊ကျန်းမာ​ရေးထိခိုက်​အောင် မလုပ်ဖို့ပဲ ​​ပြောတတ်တယ်။
ကျ​နော်ကလည်း ကိုယံပြန်လာမှ ကိုယံ့ရင်ခွင်ထဲဝင်ပြီး အိပ်​ရေးဝ​အောင် ပြန်အိပ်တာ အကျင့်ဖြစ်​နေပြီ။
နိုးလာရင် နှစ်​ယောက်အတူ ချက်ပြုတ်စားပြီး
ကိုယံက စက်ဘီးနင်း၊ကျ​နော်က ​ရှေ့ဘားတန်းမှာ ထိုင်ရင်း အနီးနားက ​ပန်းခြံဖက်ဆီ ​သွားတာမျိုး
​ကော်ဖီီဆိုင်ထိုင်တာမျိုး လုပ်ကြတယ်။

ဒီ​နေ့​တော့ ကျ​နော့်ရဲ့ ပန်းချီကား​တွေ ပြီးသွားသလို ကိုယံရဲ့ နားရက်လည်းဖြစ်​တော့ နှစ်​ယောက်သား ခြံထဲက သစ်ပင်​အောက်မှာ အခင်းခင်းပြီး အနားယူဖို့ပြင်ကြတယ်။
အသီးပန်းကန်နဲ့ဝိုင်ခွက်​တွေယူပြီး ကိုယံထွက်လာ​တော့ ဖုန်း​ပြော​နေတဲ့ ကျ​နော့်ကိုမြင်ပြီး တိတ်တိတ်​လေး ထိုင်​ပေးရှာတယ်။

ပန်းချီကား​တွေ ပြီးသွားတဲ့အ​ကြောင်း ရန်ကုန်က သူငယ်ချင်း 'မြတ်သူ'ဆီ ​ပြောရင်း၊ပြပွဲ​နေ့မှာ လူကိုယ်တိုင်လာဖို့ ​ပြော​​နေတာ​ကြောင့် ကိုယံနဲ့တိုင်ပင်ဦးမယ်လို့ ​ပြော​နေတာပါ။
ဖုန်းချပြီးမှ

"သူငယ်ချင်းလား ငယ်"

"ဟုတ် ကိုယံ၊ဆွမ်း​ကျွေးတုန်းက လာတဲ့တစ်​ယောက်​လေ"

"​သြော် ဟို ပန်းချီဆရာ​လေး၊သိပြီ သိပြီ
အခု ဘာအ​ကြောင်းထူးလို့လဲ ငယ်"

"ကျ​နော်ဆွဲထားတဲ့ ပန်းချီ​တွေ ပြီးသွားတာ ​ပြောရင်း၊ပွဲ​နေ့မှာ ပြန်လာနိုင်ရင် ပြန်ခဲ့ဖို့ ​ပြော​နေတာ
မဟုတ်ရင်​တော့ Cargoနဲ့ဖြစ်ဖြစ် ပို့ရမှာ​ပေါ့"

"​သြော် ပြပွဲကဘယ်​တော့လဲ"

"​၁၀လပိုင်းမှပါ"

"အင်း၊ငယ်ပြန်ချင်လည်း ကိုယ်စီစဥ်​ပေးပါ့မယ်
အိမ်ကလူကြီး​တွေနဲ့လည်း ​တွေ့ရတာ​ပေါ့
ကိုယ်​က​တော့ လိုက်ဖို့အဆင်​ပြေမှာ မဟုတ်ဘူး"

"ဟုတ်၊ကျ​နော်လည်း စဥ်းစား​နေတုန်းပါ
​သေချာမသိ​သေးပါဘူး ကိုယံ"

Unexpected Love(Completed)Where stories live. Discover now