Extra2

14K 1.1K 32
                                    

Snow..snow..go away..little Apple wanna play..snow snow go away🎵

မှန်တံခါးချပ်ကြီး​ပေါ်မှာ ထူထဲစွာပုံကျ​နေတဲ့ နှင်း​တွေကို မှန်ပြင်မှာမျက်နှာပူးကပ်လို့ ကြည့်ရင်း ဟန်ပါပါနဲ့ဆို​နေတဲ့ ဆရာကြီးApple
မြန်မာပြည်အလည်ပြန်ဖို့ ရက်ပိုင်းပဲလို​တော့တာမို့ ​​နေမ​ကောင်းဖြစ်မှာစိုးတာ​ကြောင့် သူ့ကို အပြင်ထွက်ပြီး မ​ဆော့ခိုင်း​လေ​တော့ Rain go away သီချင်းကို ဗားရှင်း​ပြောင်းဆိုပြီး ကိုပန်းသီးလုံးတို့ ဒရာမာခင်း​နေတာ

ပန်းချီဆွဲ​နေတဲ့အခန်းထဲလာပြီး လူကိုထိုင်ကြည့်လိုက်၊လီယိုနဲ့မိုလီကို ကလိလိုက်၊သက်ပြင်းချပြီး မှန်တံခါးကို မျက်နှာအပ်လိုက်နဲ့ အမူအရာ​တွေက ​အော်စကာဆုရသင့်တယ်
သားက အ​အေးကြိုက်သလို၊နှင်း​တောထဲ​ဆော့ရတာလည်း သိပ်ကြိုက်တာ။ခု သူမ​ဆော့ရ​လေ​တော့ ​ကြေကွဲ​​နေပုံပါပဲ။

"ပါပါး ပန်းသီးလုံး​လေးက စပိုက်ဒါမန်း​လေး ဖြစ်​နေပါပြီကွာ..မှန်နံရံကို​တောင် တွယ်တက်နိုင်​နေပြီ"

ပုံကိုလက်စသတ်ရင်း သူ့ကိုလှမ်းစ​တော့ လူကို နှာ​ခေါင်းရှုံ့၊မျက်​မှောင်တွန့်ပြီး လှည့်ကြည့်တယ်။

"စပိုက်ဒါမန်းဖြစ်ရင်လည်း ​ကောင်းမှာပဲ ပါပါးရယ်၊အဲ့ဒါဆို Apple​​လေးက ​နေမ​ကောင်းမဖြစ်​တော့ဘဲ နှင်း​တောထဲ​ကို အမျှင်​တွေသွယ်ပြီး သွားလို့ရမှာ"

​အံမယ်၊ဒါက လူကို စကား​တွေ​ခေါ်​​နေတာ၊dramaခင်းပြ​နေတာ

"Come here baby" လို့ လက်ဆန့်​ပေးရင်း ​ခေါ်​တော့​ ​ပြေးလို့ ရင်ခွင်ထဲဝင်လာတယ်
​ပေါင်​ပေါ်ကို ဆွဲ​ပွေ့တင်လို့ ​​ကြီးလာတာနဲ့အမျှ ​ငွေ​ရောင်ဖက်နွှယ်လာတဲ့ ဆံရှည်​ပျော့​​လိမ်​လေး​တွေကို အသာသပ်​ပေးရင်း ​သွေး​ရောင်​တွေလွှမ်းလို့ ရဲ​​နေတဲ့ ပါး​ဖောင်း​ဖောင်းအိအိ​တွေကို နှာ​ခေါင်း​တွေနစ်ဝင်​အောင် နမ်း​တော့ သ​ဘောတကျရယ်တယ်။

"ပါပါး အိစိတုံ​​လေးက နှင်း​တွေထဲ​ဆော့ချင်​နေတာလား...နှင်း​တောထဲမသွားရလို့ စိတ်မ​ကောင်းဖြစ်​နေတာ​ပေါ့ ဟုတ်လား"

"ယဲ့စ် ပါး"ဆိုပြီး လူကိုတဖျတ်ဖျတ်လိုက်နမ်း​နေ​သေးတာ

"ပါပါးက ခရီးသွားခါနီး သား ​နေမ​ကောင်းဖြစ်မှာစိုးလို့ပါ...ဒါ​ပေမယ့် ပါး သား​လေး ဒီလိုစိတ်ညစ်​နေ​​တော့ ပါပါးက ဘယ်စိတ်​ကောင်းပါ့မလဲ..ဆို​တော့ မနက်ဖြန်ဘာ​နေ့လဲ ပါပါးကို မှန်​အောင်​​ဖြေ​ပေး၊အဲ့ဒါဆိုရင် ပါပါးက ​ဆော့ဖို့ စဥ်းစား​ပေးမယ်"

Unexpected Love(Completed)Where stories live. Discover now