please answer.it's important🚨

5.8K 270 71
                                    

Edit:  သူတို့နှစ်​ယောက်ရဲ့ ဇာတ်လမ်း​လေးကို ဒီတိုင်းပဲထားလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်
အားလုံးလက်ခံ​ပေးခဲ့တဲ့ ဒီကာရိုက်တာနှစ်ခုကို ​ပြောင်းပစ်ဖို့ ကိုယ်တိုင်လည်း နှ​မြောမိပါတယ်
Cmt​​ရေး၊အကြံ​ပေးခဲ့ကြလို့လည်း ​ကျေးဇူးပါ။
​နောက်ထပ်စာဖတ်မဲ့သူ​တွေလည်း အမြင်မလွဲရ​အောင် ဒီအပိုင်းကို မဖြတ်ဘဲ ဒီတိုင်းပဲထားခဲ့ပါမယ်။

ဟဲလို...
​ရေချယ်ပါ

​​ရေချယ်​ရေးခဲ့တဲ့ မြတ်​သော်က,ကာရိုက်တာနဲ့ ပက်သက်ပြီး နည်းနည်း​လောက် ရှင်းပြရင်း စာဖတ်သူ​တွေရဲ့အမြင်ကိုလည်း သိချင်ပါတယ်။

​မြတ်​သော်ကသည် အားလုံးအမြင်မှာ အ​နေ​အေး၊လူ​ကြောက်တတ်တဲ့ ​ကောင်​လေးတစ်​ယောက်၊သူ့အတွင်းစိတ်မှာ​တော့ သူ့အတွက်သူထက် မိသားစုကို ပိုကြည့်​၊ပိုစဥ်းစား​ပေးတဲ့ ​ကောင်​လေးတစ်​ယောက်အဖြစ် ဖန်တီးခဲ့ပါတယ်။
​သူ့အတွက် မထင်မှတ်ဘဲဖြစ်ခဲ့တဲ့ အ​ခြေအ​နေဆိုးကြီးမှာ​​တောင် သူ့အစ်မမိသားစုမပြိုကွဲ​ရေးကို ​​ဦးစား​ပေးခဲ့တဲ့ သူမျိုးပါ။

အဲ့​နေရာမှာ သူ့ရဲ့စိတ်​နေစိတ်ထားကို အပြင်မှာ​သိခဲ့ရတဲ့ အစ်ကိုတစ်​ယောက်ဆီက​နေ inspireယူခဲ့ပါတယ်။အရာရာတိုင်းထက် မိသားစုကို ပို​တွေးတဲ့သူတစ်​ယောက်အဖြစ် ဖန်တီးခဲ့ပါတယ်။

​ရေချယ်​ရေးခဲ့တုန်းက အ​တွေးဟာ ရိုးရှင်းခဲ့ပါတယ်။ဒီလို​တွေဖြစ်လည်း စိတ်ဓါတ်မာ​ကြောရမယ်၊ကိုယ်ဟာ အပြစ်ရှိသူမဟုတ်လို့ ကိုယ့်ကိုယ်ကို သိမ်ငယ်​နေစရာမလိုဘူး၊ကိုယ့်ဘဝကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းရဲရမယ်။ဘာအပြစ်မှာ မလုပ်ထားလို့ ကိုယ့်ကိုယ်ကို နစ်နာသူလို့ ​တွေးပြီး သိမ်ငယ်စိတ်နဲ့ ရှင်သန်​နေစရာမလိုဘူး​ပေါ့။သူ့မှာ strongဖြစ်တဲ့ စိတ်မျိုး၊အ​တွေးမျိုးရှိတာမျိူး​ပေါ့။

ဒီ​နေရာမှာ ထပ်​​ပြောရရင် ​ဒေါက်တာ​နေဇယံဆို သူ့ကိုယ်သူ အပြစ်တင်တဲ့စိတ်နဲ့ ရှင်သန်​နေခဲ့တာ၊တစ်ခုခုဆို သူဟာ ဒီ​ကောင်​လေးအ​ပေါ် အမှားကျူးလွန်မိတဲ့အတွက် အားနာပြီး သူ့ကိုယ်သူ အပြစ်တင်​နေခဲ့တာ၊ပြီး​တော့ ဒီ​ကောင်​လေးတက်လမ်းမှန်သမျှကို သူ ပါဝင်ပြီး ပါရမီဖြည့်​ပေးခဲ့တာ​တွေ၊ တစ်ခုခုဆို သူ့ကိုယ်သူအပြစ်တင်လို့ မြတ်​​သော်က,က သူတို့က တစ်ခြားလူ​တွေရဲ့ ပ​ယောဂ​ကြောင့် ခံရသူ​တွေ၊အပြစ်သား​တွေမဟုတ်ဘူးလို့ ပြန်​​နှစ်သိမ့်​ပေးခဲ့ရတာမျိုးဆိုတာ ​ရေချယ်ထည့်​ရေးခဲ့ပါတယ်။သူ့အမှားသူသိပြီး တစ်ဘဝလုံးစာ တာဝန်ယူရဲသလို၊တစ်ဘဝလုံဲးစာလည်း မြတ်​သော်ကအ​ပေါ် အားနာစိတ် ရှိ​နေသွားမယ့်သူမျိုးအဖြစ် ​ရေးခဲ့ပါတယ်။ ​

Unexpected Love(Completed)Where stories live. Discover now