Episode28

16.1K 1.3K 55
                                    

မနက်ဖြန်က ရန်ကုန်ကိုပြန်ရမယ့်​နေ့
မီးငယ်ဖို့ အရုပ်မျိုးစုံ​ရော၊လူကြီး​တွေဖို့လက်​ဆောင်​တွေ​ရော ဝယ်ထားပြီး၊ထုပ်ထားပြီး​ပြီ။
ခဏ​နေ ကိုယံ ​ဆေးရုံကပြန်လာရင် မိုလီနဲ့လီယို့ကို စားစရာအပြည့်အစုံနဲ့ အိုဒင့်အိမ်ကို သွားပို့ရမယ်။ဟိုမှာက ​ကြောင်အ​ဖော်လည်းရှိသလို၊Elsaကလည်း အမြဲလိုလိုလာ​နေတတ်တာမို့ စိတ်ပူစရာမရှိဘူး။
Luggage​တွေကို အခန်း​ထောင့်မှာစီချ​နေတုန်း
ကိုယံပြန်​ရောက်လာတယ်။

"အားလုံးထည့်ပြီးပြီ​ပေါ့ ငယ်"

"ဟုတ် ကိုး၊အားလုံးရယ်ဒီပဲ
လီယိုနဲ့မိုလီကို သွားပို့ဖို့ပဲကျန်​တော့တယ်"

"အဟွန်း..အို​ခေဗျာ၊သွားကြစို့ မိုလီ​ရေ၊ဒီ၁လအတွင်း ​ကောင်း​ကောင်း​နေရမယ်​နော်"

​​ခြေ​ထောက်နားရပ်​နေတဲ့ မိုလီ့ကို​ပွေ့ချီရင်း စကား​ပြော​တော့ နားလည်သလိုကြည့်​နေရှာတယ်။
ဒီ​လောက်အကြာကြီး မထားခဲ့ဘူး​တော့ ခွဲရမှာလည်း စိတ်မ​ကောင်းဖြစ်မိတယ်။ဖြစ်နိုင်ရင်​ခေါ်သွားချင်​ပေမယ့် ​ဆေးစစ်ချက်​တွေ​ရော၊တစ်ခြားက်စ္စ​တွေ​ရောနဲ့ အလုပ်ရှုပ်​မှာမို့ ​ခေါ်သွားဖို့က အဆင်မ​ပြေလို့ အိုဒင့်ဆီပဲပို့ခဲ့ရတာပါ။

ည​ရောက်​တော့ ရင်ခွင်ထဲက​ကောင်​​လေးက တလှုပ်လှုပ်နဲ့၊စိတ်လှုပ်ရှားပြီး အိပ်မ​ပျော်ဖြစ်​နေပုံရတယ်။
"စိတ်​တွေလှုပ်ရှား​နေတာလား ငယ်"

"ဟီး၊ဟုတ်တယ်..ပြန်ရဖို့နီး​လေ လူက ဂဏာမငြိမ်ဖြစ်လာ​လေပဲ"

"အဟွန်း..မြန်မာပြည်ပြန်​ရောက်ရင် ဘာလုပ်ချင်လဲ၊ဘာစားချင်လဲ ငယ်"

"အွန်း...​ရွှေတိဂုံဘုရားကိုသွားဖူးမယ်၊မမချက်​ကျွေးတဲ့ မုန့်ဟင်းခါး၊အုန်းနို့​​ခေါက်ဆွဲ၊အသုပ်စုံ​တွေ စားမယ်၊ပြီး​တော့ ​ကြေးအိုးဆီချက်စားမယ် ဟီး"

"ဟားဟား..ငယ့်အစီအစဥ်​တွေက စားမယ့်ဟာ​တွေချည်းပဲကွာ"

"အံမယ်..ဒါက ရန်ကုန်အတွက် ပလန်ပဲရှိ​သေးတယ်​နော်၊​တောင်ကြီး​ရောက်ရင်လည်း ထပ်စားဦးမှာ"

Unexpected Love(Completed)Where stories live. Discover now