Episode6

31.4K 2.7K 116
                                    

မနက်ခင်းပိုင်း ဆွမ်း​ကျွေး၊တရားနာပြီးလို့ မိဘမဲ့​ဂေဟာက က​လေး​တွေကို ပစ္စည်း​တွေသွားလှူရင်း ​နေ့လည်စာ တာဝန်ယူ​ကျွေး​မွေးဖြစ်တယ်။
​​ကိုယ့်ကိုယ်ကို အိပ်မက်မက်​နေသလား​တောင် ထင်မိ​လောက်​အောင် ​ကျ​နော်က ​နေ့ချင်းညချင်း
တစ်ခြား​ယောက်ျားတစ်​ယောက်ရဲ့ အိမ်​ထောင်ဖက်ဖြစ်ခဲ့ရပြီပဲ။

ကျ​နော်နဲ့ ကို​နေဇယံကလည်း မ​တွေ့​တော့လည်း အ​ကြောင်းအမျိုးမျိုးနဲ့ မ​တွေ့ခဲ့ကြဘူး
​တွေ့မယ့်​တွေ့​တော့လည်း နှစ်​ယောက်အတူတူ ​နေရမယ့်အထိ ဖြစ်ရတယ်လို့
ဘယ်လို​ရေစက်​တွေပါလဲ​နော်လို့သာ ​ရေရွတ်မိတယ်။

အန်တီ​မေက​တော့ ကိုယံနဲ့ သူ့သူငယ်ချင်း​တွေကို အ​​ပေါင်းအသင်းဆက်မလုပ်ဖို့ ​ပြော​နေသံကြားရတယ်။
ကျ​နော်လည်း မ​ပေါင်း​စေချင်​ပါဘူး
ဒီလိုလူ​တွေက ​နောက်တစ်​ခေါက်ထပ်ပြီး ​ချောက်မတွန်းဘူးလို့ မ​ပြောနိုင်ဘူး​။
တစ်ဖက်လူကို အပြစ်မတင်တတ်တဲ့ ကိုယံက​တော့ မဆင်မခြင်စိတ်အလိုလိုက်မိတဲ့ သူ့အပြစ်ပါလို့ ​​ပြောရင်း ကျ​နော့်ကို ​တောင်းပန်သလို ကြည့်လာတယ်။
ပြီးခဲ့တာ​တွေ ပြီးပြီမို့ ကိုယံ့ကို အပြစ်သားလိုစိတ်ကြီးနဲ့​တော့ မ​ရှင်သန်​စေချင်ဘူး
ကျ​နော် သူ့အ​ပေါ်မှာ ဘာအပြစ်တင်လိုစိတ်မှ မရှိ​တော့တာကို​တော့ ​တဖြည်းဖြည်းနဲ့ သူနားလည်လာမှာပါ။

​အစတည်းက သား​လေးလိုချစ်တာမို့ သူတို့အတွက် ဘာမှထူးပြီး​ပြောင်းလဲမသွား​ကြောင်း
ဘယ်လိုဝန်ထုပ်ဝန်ပိုးမျိုးကိုမှ မခံစား​စေလို​ကြောင်း၊စိတ်ဒဏ်ရာ​ဖြစ်ရတာမျိုးရှိရင်လည်း
နှစ်​ယောက်တိုင်ပင် အ​ဖြေရှာဖို့ဆိုတာ​တွေကို​တော့ ကျ​နော်တို့ အင်္ဂလန်မသွားခင် ကန်​တော့တဲ့ညမှာ အန်တီ​မေနဲ့အန်ကယ်က ​ပြောခဲ့တယ်။

ခွင့်ရက်ပြည့်ဖို့ တစ်ပါတ်လို​သေး​ပေမယ့် ​နေရာသစ်မှာ ကျ​နော်အဆင်​ပြေဖို့ အချိန်လိုတယ်ဆိုတဲ့ ကိုယံ့​ကြောင့် ကျ​နော့်ရဲ့ အိမ်​ထောင်သည်ဘဝစမယ့် အင်္ဂလန်ကို ထွက်ခဲ့ရတယ်။

"​ညီ အိပ်ချင်အိပ်​နော်၊အိပ်ရအဆင်မ​ပြေရင် ကိုယ့်ပုခုံး​ပေါ်မှီအိပ်လိုက်​နော်
မူးတာဘာညာရှိရင်လည်း ​​ပြော​နော်၊ဒီတိုင်ကြီး မ​နေနဲ့"

Unexpected Love(Completed)Where stories live. Discover now