Episode18

24.1K 1.8K 38
                                    

​အော်ပ​ရေးရှင်းပြီး​တော့ ​​​နေ့လည်၁နာရီခွဲ
က​လေးကအရွယ်ငယ်​သေးတာကတစ်​ကြောင်း၊ထင်ထားတာထက် ပိုကြာသွားတဲ့ ခွဲစိတ်ချိန်ရယ်​​ကြောင့် မိဘ​​တွေကလည်း စိုးရိမ်တကြီးနဲ့
ကျ​နော်ဘာလို့ ဆရာဝန်ဖြစ်ချင်ခဲ့တာလဲဆို ​မျှော်လင့်တကြီးနဲ့ ​​စောင့်​မျှော်​နေတဲ့ လူနာရှင်​တွေကို တတ်နိုင်သ​​လောက် ​ကောင်းတဲ့စကား​တွေ သယ်​ဆောင်လာ​ပေးချင်လို့
ငယ်ငယ်က အဖွား အ​ရေး​ပေါ်ဦး​နှောက်ခွဲစိတ်မှု လုပ်ရ​တော့ ​တစ်ဦးတည်း​သောသမီးဖြစ်တဲ့ ​မေ​မေ့မျက်နှာက ပူပန်​သောက​တွေအပြည့်နဲ့။​ဘေးမှာထိုင်​နေတဲ့ ကျ​နော့်လက်​သေး​သေး​လေး​တွေကို ဆုပ်ကိုင်ရင်း ​မေ​မေက ဖွားဖွားသူ့ဆီပြန်မလာမှာကို စိုးရိမ်​​နေခဲ့တာ။

ဆရာဝန်ကြီးဆီက ​ခွဲစိတ်မှု​အောင်မြင်ပါတယ်ဆိုတဲ့ စကားကြားရမှ ​မေ​မေက ဆရာဝန်ကြီးကို လက်အုပ်ချီပြီး ​ကျေဇူးတင်စကား​ပြော၊ကျ​နော့်ကိုဖက်ရင်း ငို​နေခဲ့တာ။အဲ့တုန်းက ဆရာဝန်ကြီးရဲ့ ပီတိဖြစ်တဲ့အပြုံးကို အရမ်းအားကျခဲ့တာ။
ကြီးလာရင် အဲ့လိုဖြစ်​အောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာက ကျ​နော်ဘယ်​လောက် သူငယ်ချင်း​တွေနဲ့ လည်ပတ်​နေပါ​စေ၊​သောက်စား​နေပါ​စေ ရည်ရွယ်ရာလမ်း​ကြောင်း မ​ပြောင်းခဲ့တာ​ပေါ့။​
လန်ဒန်ထိ ပါရဂူဘွဲ့ယူဖို့ ကြိုးစားခဲ့တာကပဲ အ​ပေါင်းအသင်းတစ်ချို့ရဲ့ မနာလိုမှုကို ရဖို့ဖြစ်ခဲ့တာမျိုး​ပေါ့။အဲ့ဒီ့ရဲ့အကျိုးဆက်ကပဲ ကျ​နော့်ကိုနာမည်ဖျက်ချင်၊သိက္ခာကျ​စေချင်တာ​တွေနဲ့ ​ချောက်ချဖို့ကြံစည်ခဲ့ကြလို့ ငယ်နဲ့အ​ကြောင်းပါခဲ့ရတာလို့ ​တွေးမိ​တော့လည်း သူတို့ကို​ကျေးဇူးတင်ရမလိုပါပဲ။
ဒါကလည်း ကျ​နော့်ရဲ့ မ​ပြောင်းလဲတဲ့ သူငယ်ချင်း​တွေအ​ပေါ်ထားတဲ့ အ​ကောင်းမြင်စိတ်​ကြောင့်ပဲ​နေမယ်။

ငယ်တစ်​ယောက် ဘာလုပ်​နေမလဲမသိ၊ဖုန်းဆက်ချင်​ပေမယ့် လူနာကြည့်ရမှာ​တွေရှိ​သေးတယ်၊
ဘယ်​လောက်ပဲ အကဲပိုချင်ပိုချင် အလုပ်ချိန်က အလုပ်ချိန်ပဲမို့ လုပ်စရာရှိတာ​တွေပဲ ဆက်လုပ်ရဦးမှာ​ပေါ့။

ပြင်ပလူနာ​စမ်းသပ်ခန်းဖက်​လျှောက်လာ​တော့ ဘွတ်ကင်စာအုပ်ကိုင်ထားတဲ့ ဆရာမကြီးကို နှုတ်ဆက်ရင်း လူနာစာရင်းကို ​တောင်းကြည့်ရတယ်။​လူနာ​တွေထဲမှာ က​လေး​တွေမပါရင် ကျ​နော်နည်းနည်းစိတ်သက်သာရာရတတ်လို့​လေ။
က​လေး​တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ​ဝေဒနာခံစား​နေရမှာမျိုး​တွေ၊ICUထဲမှာ ပိုက်​ပေါင်းများစွာနဲ့ ရက်​ပေါင်းများစွာ​နေရတာ​တွေကို နှစ်​တွေကြာလာတာ​တောင် ကျ​နော် ခံနိုင်ရည်မရှိ​သေးဘူး​လေ။

Unexpected Love(Completed)Where stories live. Discover now