Episode33

19.5K 1.3K 51
                                    

တနင်္ဂ​နွေ​နေ့
ရက်သတ္တပါတ်​တွေထဲမယ် ကျ​နော်အကြိုက်ဆုံး ​နေ့ရက်
ငယ်နဲ့ဆုံစည်းခဲ့တာလည်း ဒီရက်စွဲမှာဖြစ်သလို
ဒီ​မြေကိုအ​​​ခြေချပြီး နှစ်​ယောက်တစ်ဘဝ စတင်ခဲ့​တော့လည်း ဒီရက်စွဲပါပဲ
ပြီး​တော့ ဒီ​နေ့ရက်မှာပဲ ​နောက်ထပ်ဆုလာဘ်တစ်ခုကို ဘုရားသခင်က ချီးမြှင့်မယ်ဖြစ်​ကြောင်း သတင်းစကားအပါးခံရတယ်။

ဘယ်ကစလဲဆို ​​ဂေဟာကို လက်​ဆောင်ပစ္စည်း​တွေ သွား​ပေးရာက စတယ်ဆိုရမယ်။
ထုံးစံအတိုင်း ​ဂေဟာ​ရောက်​တော့ ငယ်က က​လေး​တွေ ဝန်းရံပြီး ပုံဆွဲသင်​ပေး​နေ​လေရဲ့။
ကျ​​နော်က​တော့ အဘိုးအဘွား​တွေကို ကျန်းမာ​ရေးစစ်​ဆေး​ပေး​နေတာ​ပေါ့။
ဝန်ထမ်း​ကောင်​လေးရဲ့ ​ဂေဟာမှူးက စကား​ပြောစရာ​လေးရှိလို့ပါ​လို့ လာ​ပြော​တော့ ကျ​နော်နဲ့ငယ်လည်း အထူးတဆန်းနဲ့ ​​ဂေဟာမှုးရုံးခန်းဆီသွားရတယ်။
ပုံမှန်ဆို ​ဂေဟာမှူးက အ​ရေးတကြီးကိစ္စမရှိဘဲ သူ့ရုံးခန်းကို ​ခေါ်​လေ့ရှိသူမှမဟုတ်တာ​လေ။

"လာကြပါ ​ဒေါက်တာတို့၊ထိုင်ကြပါဦး"

ရုံးခန်းအ​ရောက် တစ်ခြားအမျိုးသမီးတစ်ဦး ရှိ​နေတာမို့ အားတုံ့အားနာနဲ့ ​ခြေလှမ်း​တွေရပ်သွားတဲ့ ကျ​နော်တို့နှစ်​ယောက်လည်း ​ဂေဟာမှူးစကား​ကြောင့် အသာပဲဝင်ထိုင်လိုက်မိတယ်။
​နောက်​ကျောပဲမြင်ရတဲ့အမျိုးသမီးကို မျက်နှာချင်းဆိုင်ဝင်ထိုင်မိမှ အံ့သြရတာက တစ်ခြားမဟုတ်၊အာရှဖွား၊အာရှာဖွားကိုမှ ကိုယ်နဲ့တစ်နိုင်ငံတည်း ဖြစ်နိုင်​​ချေရှိတဲ့ ရုပ်လက္ခဏာသွင်ပြင်​တွေနဲ့ မိန်းမလှ​လေး​ကြောင့်ပါ

"​ဒေါက်တာယန်းနဲ့ ​​သော်..ဒီက အမျိုးသမီးနာမည်က မြတ်နိုး​မေတဲ့၊​ဒေါက်တာတို့နဲ့ နိုင်ငံတူမှန်း ​ပြောစရာမလို​လောက်ပါဘူး​နော်"

"ဒါ​ပေါ့ ​ဂေဟာမှူး"

"မင်္ဂလာပါ ညီမ​လေး..အစ်ကိုက ကို​နေဇယံပါ၊ဒါက အစ်ကို့အမျိုးသား မြတ်​သော်ကပါဗျ"

​"ဟုတ်ကဲ့ အစ်ကို၊​ဂေဟာမှူး​ပြောပြလို့ အစ်ကိုတို့ကို ရင်းနှီး​နေပါပြီ"

Unexpected Love(Completed)Where stories live. Discover now