Episode1

56.5K 3.1K 30
                                    

"​မောင်​လေးရယ်၊မီးမီးကလည်း သူ့​လေးငယ်ကိုပဲ ​မျှော်​နေရှာတာပါ၊​မေ​မေ​ရော၊အငယ့်​ယောက်ဖကပါ စိတ်လိုလက်ရ လာ​စေချင်​နေတာ။သူစိမ်း​တွေလည်း မဟုတ်ကြတာကို လာခဲ့ပါ​နော်။အ​နေခက်စရာလည်း မရှိပါဘူး အငယ်ရယ် ​နော်"

​လေလှိုင်းကတဆင့် ဝင်လာတဲ့ အသံ​တွေက စိတ်ရှုပ်ရခြင်း၊အားနာရခြင်း​တွေကို ဆက်တိုက်ဖြစ်​ပေါ်​စေတယ်။

ခပ်​အေး​အေးပဲ ​နေတတ်ပြီး၊​ပေါင်းသင်းဆက်ဆံ​ရေး မ​ပြေပြစ်လှတဲ့ကိုယ့်ကို သားအရင်းလို​ရော၊ညီအရင်းလို​ရော ဂရုတစိုက်ရှိ​ပေးကြတဲ့ မမရဲ့ ​​ယောက္ခမမိဘနှစ်ပါးနဲ့ ​ယောက်ဖ​တော်ကိုလည်း အားနာရတယ်၊ပြီး​တော့ ချစ်စဖွယ်စကား​တွေကို တီတီတာတာဆိုတတ်တဲ့ တစ်ဦးတည်း​သော တူမ​တော်​လေးကိုလည်း လွမ်းရပါတယ်။

အခုလည်း တူမ​​လေးရဲ့ ​နွေရာသီအားလပ်ရက်တွေမှာ ပန်းချီနဲ့စန္ဒရားကို ​လေးငယ်နဲ့သင်ချင်ပါတယ်ဆိုတဲ့ အ​ကြောင်းပြချက်နဲ့ ​တောင်ကြီးမှာ​နေတဲ့ ကျ​နော့်ကို ရန်ကုန်အ​ရောက်​ခေါ်​နေကြတာပါ။

က​လေးကို သင်​ပေးရတာ ကျ​နော့်အတွက် ဘာမှအပမ်းမကြီး​ပေမယ့်၊သူတို့အိမ်မှာပဲ အတင်း​နေခိုင်းမှာရယ်၊​တော်​တော်နဲ့ ပြန်မလွှတ်ဘဲ ဆွဲထားမှာ​တွေရယ်​ကြောင့် အ​ဖြေမ​ပေးနိုင်ဘဲ ​တွေ​ဝေ​နေရတာပါ။တမင်တကာ မာနကြီးတာမျိုး မဟုတ်​ပေမယ့် စိတ်ထဲရှိလည်း ထုတ်မ​ပြောတတ်၊လူကြီး​တွေနဲ့လည်း လိုက်​လျောညီ​ထွေဖြစ်​အောင် မ​ပြောတတ်တဲ့ ကိုယ့်အဖြစ်ကိုသိလို့ အားနာစိတ်​တွေနဲ့ ​တွေ​ဝေ​​​နေရတာဆို ပိုမှန်ပါလိမ့်မယ်။

ပါပါးတို့မာမားတို့ ဆုံးပြီးတည်းက သူတို့နဲ့အတူ လာ​နေဖို့​ခေါ်​နေတာ ခုချိန်ထိဆို ၃နှစ်​လောက်ရှိ​ရော​ပေါ့။​အေးစက်စက်မျက်နှာနဲ့ ကျ​နော့ကို သား​လေး၊သား​လေးနဲ့ ချစ်​ပေး​နေကြတဲ့ မမရဲ့ ​ယောက္ခမ​တွေကိုလည်း အံ့သြရပါတယ်။ဘာပဲဖြစ်ဖြစ် ငြင်းလာတာလည်း ကြာပြီဆို​တော့ ဒီတစ်​ခေါက်​တော့ ငြင်း​နေလို့ မ​ကောင်း​တော့ဘူး ထင်ပါတယ်။လူကြီး​တွေကလည်း ​ခေါ်သလို၊ကိုယ့်တူမကလည်း ​နေ့တိုင်းကို ​မျှော်​နေတာ၊ကြားထဲက မမကိုလည်း အားနာစရာ​ကောင်း​နေပြီမို့ ကျ​နော်မငြင်းဘဲ ရန်ကုန်ကို လာခဲ့မယ်လို့ပဲ ကတိ​ပေးရပါ​တော့တယ်။
ဖုန်းထဲက မမအသံက​တော့ ဝမ်းသာလွန်းလို့ ထခုန်​တော့မလိုပါပဲ၊အင်း​ပေါ့​လေ ​မောင်နှမနှစ်​ယောက်​တွေ့ရတာလည်း သူတို့​တွေ ​တောင်ကြီးကို အလည်လာတဲ့ မနှစ်က​နွေရာသီက ​နောက်ဆုံးပဲကို။
​သူတို့မှ တကူးတကမလာရင် မ​တွေ့ရတဲ့အထိဆို​တော့ ​တွေးကြည့်ရင် ကျ​နော်လည်း လူမှု​ရေးမသိ၊​ဆွေမျိုးမသိတဲ့ လူရိုင်း​​လေး ဖြစ်​နေ​တော့မှာပဲ။
​နောက်ဆုံး​တော့ ​တောင်ကြီးအိမ်ကို ခြံ​စောင့်အဘတို့လင်မယားနဲ့ထား၊လက်စွဲ​တော် တ​ယောရယ်၊ပန်းချီ​ဆေးဘူး​တွေ၊စုတ်တံ​တွေရယ်ကို ​သေချာစီထည့်ပြီး အဝတအစားအိတ်ပြင်၊ရန်ကုန်ဆင်းဖို့ လုပ်ရ​တော့တာပါပဲ။
လူကြီး​တွေအကြိုက် ​ခေါပုတ်၊တို့ဟူး​ခြောက်၊ဝက်သားချဥ်ထုပ်​တွေ မဝယ်ဘဲ သွားရ​လောက်​အောင်​တော့ ကျ​နော်အသိညဏ်မမဲ့​သေးဘူး ​ပြောရမှာပါပဲ။

Unexpected Love(Completed)Where stories live. Discover now