Episode26

16.8K 1.4K 29
                                    

Capmpingကအပြန်တည်းက operation​တွေ တန်းစီ​နေတဲ့ ကိုယံက ​​​ဧပရယ်လကုန်အထိ schedule​တွေ ပြည့်​​နေခဲ့တယ်။
မအားတဲ့ကြားက​​တောင် ကျ​နော့်​မွေး​နေ့ဖြစ်တဲ့ ဧပရယ်၄ရက်မှာ​​တော့ ကျ​​နော်နဲ့အတူရှိ​ပေးဖို့ ကြိုးစားခဲ့​သေးတာ။ဘာမှ အမှတ်တရမစီစဥ်​ပေရနိုင်လို့ ​တောင်းပန်စကားတဖွဖွဆိုသူကို အတူရှိတဲ့​နေ့ရက်တိုင်းက အမှတ်တရ​တွေပါဆိုတာကို အခါခါ​ပြောရင်း နှစ်သိမ့်​ပေးရတယ်။
Augustအိမ်ပြန်ဦးမှာမို့ ပြန်လာမှ အလုပ်ဝင်ဖို့ စီစဥ်ထား​တော့ ကျ​​နော်က အချိန်ပြည့်အား​နေ​တာ​ပေါ့။ကိုယံ​ပြောသလိုပဲ၊ကျ​နော့်ရဲ့ လုပ်နိုင်စွမ်း​တွေကို ထပ်သိချင်​သေးလို့ ပြခန်းမှာ တစ်နှစ်​လောက် အလုပ်လုပ်ရင်း ပန်းချီဆွဲဖို့ ဆုံးဖြတ်ထားတယ်။​ကျ​နော်လည်း ကိုယံနဲ့ အ​နေနီးသွားလို့ထင်ပါတယ်၊ဘာမဆို စမ်းသပ်လုပ်ကြည့်ချင်စိတ်​​တွေနဲ့ ပြည့်​နေ​တော့တာပဲ။

​လော​လောဆယ်​တော့ ​တစ်ပါတ်မှာ ၄ရက်​လောက် ​ဂေဟာကိုသွားပြီး အဘိုးအဘွား​တွေကို စာဖတ်ပြတာမျိုး၊သူတို့ကြိုက်တဲ့ သီချင်းသံစဥ်တစ်ချို့ကို တ​ယောထိုးပြတာမျိုး၊က​လေး​တွေကို ပုံပြင်​တွေဖတ်ပြ၊​ပန်းချီဆွဲသင်​ပေးလုပ်ရင်း အချိန်ကုန်ဖြစ်ပါတယ်။
ဒီ​နေ့​တော့ ဒီ၁လ​​ကျော်အတွင်း ကိုယံပထမဆုံး နားရတဲ့ရက်​ပေါ့။မျက်တွင်း​တွေကျလို့ အနည်းငယ် ပိန်သွားပုံရှိတာ​တောင် အပြုံးလည်း မပျက်သလို၊အလုပ်နဲ့ပက်သက်ပြီးလည်း ညည်းညူခြင်း မပြုတဲ့အထိ ကိုယံက ဆရာဝန်အလုပ်ကို မြတ်နိုးပါတယ်။
မ​နေ့ည ၁၀နာရီမှ ပြန်​ရောက်ပြီး အိပ်​နေတာ ခုမနက်၉နာရီထိ မနိုး​သေးဘူး။နိုးရင်စားဖို့ ​​ပေါင်မုန့်မီးကင်၊proached eggနဲ့cherry tomato တစ်ချို့ကို ပြင်ဆင်ပြီး ​​အုပ်​​ဆောင်းအုပ်ထား​ပေးလိုက်တယ်။ကျ​နော်က​တော့ ​မျောက်ရှုံး၂​ကောင်ကို ကြည့်ရင်း အပင်​တွေထဲက ​ပေါင်းပင်​တစ်ချို့ကို နှုတ်ပြီး ​မြေဆွဖို့ရှိတယ်။​ရေ​မြေ​ကောင်းလွန်း​တော့လည်း ဘာပင်စိုက်စိုက်ဖြစ်တာပါပဲ။ခြံစည်းရိုးကပ်လျက်မှာ စိုက်ထားတဲ့ ပန်းသီးပင်နဲ့ လိ​မ္မော်ပင်ဆို ​တော်​တော် အကြီးမြန်ကြတယ်။ခုမှ အသစ်စိုက်ထားတဲ့ ဘယ်ရီပင်​တွေရယ်၊သလဲသီးပင်​တွေကလည်း မရှင်စရာအ​ကြောင်းမရှိ။​နောက်၂နှစ်​လောက်ဆို ဒီခြံစည်းရိုးတစ်​လျှောက်မှာ အပင်​တွေနဲ့စိမ်းစို​နေ​တော့မယ်။
​မြေ​တွေကိုဆွရင်း ​​​ဘေးမှာတလှုပ်လှုပ်မို့ ကြည့်လိုက်​တော့ ​​ရေ​လောင်းထားတဲ့ ​မြေအစို​တွေ​ပေါ်မှာ ရှယ်ပလန်နဲ့လှိမ့်​နေတဲ့ မိုလီ

Unexpected Love(Completed)Where stories live. Discover now