Episode7

32K 2.7K 116
                                    

၁၅မိနစ်​လောက် ကား​မောင်းပြီး​တော့ မားကတ်တစ်ခုကို ​ရောက်တယ်
တရုတ်ဆိုင်တစ်ဆိုင်ဝင်ပြီး တရုတ်စာအချို့ မှာစားရင်း ​နေရာသစ်ကို စူစမ်း​နေရတယ်

"ညီ..စားလို့အဆင်​​ပြေလား
​နေရာသစ်ဆို​တော့ နည်းနည်း​တော့ အခက်အခဲရှိမှာပဲ၊သည်းခံ​ပေး​နော်
တဖြည်းဖြည်းအဆင်​ပြေလာမှာပါ"

"​ပြေပါတယ်ဗျ
ကိုယံ​ရော ဘယ်လိုမျိူး​တွေ ကြိုက်တတ်တာလဲ
​ပြောပြထားဦး​နော်၊အဲ့ဒါမှ ကျ​နော် ဘာဝယ်ရမလဲ စဥ်းစားနိုင်မှာ"

"ကိုယ်က ဘာဖြစ်ဖြစ် အဆင်​ပြေတယ် ညီရ
ဘယ်ဟာမဆို စားလို့ အဆင်​​ပြေရင် စားလိုက်တာမျိုး
ဒီမှာ အ​နေကြာ​တော့လည်း ဒီကအစားအ​သောက်​တွေနဲ့ ​နေသားကျလာတာပဲ
တစ်ခါတစ်​လေ​တော့ မြန်မာအစားအစာ​တွေကို သတိရတဲ့အချိန်မျိုးလည်း ရှိတာ​ပေါ့"

"အဲ့လို စားချင်လာရင်​ရော ကိုယံဘယ်လို​ဖြေရှင်းလဲဗျ"

"အဟွန်း သူငယ်ချင်း​တွေနဲ့ ဘားသွားပြီး ​သောက်လိုက်တယ်​လေ"

ကျ​​နော့်အ​ဖြေကို အလိုမကျသလို မျက်​မှောင်ကုပ်သွားတဲ့ ​ကောင်​လေး​ကြောင့်၊တလွဲ​တွေးမှာစိုးလို့ ဆက်​​ရှင်းပြရတယ်

"ဒီလို​လေ ညီရ
ကိုယ်က တစ်​ယောက်တည်းသမား၊​​​​များ​သောအားဖြင့်က ​ဆေးရုံကန်တင်းမ်မှာပဲ စားဖြစ်တာ
နားရက်​တွေမှာလည်း ဖြစ်သလိုပဲစားဖြစ်တာကများတယ်
တစ်ခါတစ်​လေ မုန့်ဟင်းခါးစားချင်တာ၊တို့ဟူး​နွေးစားချင်တာမျိုး ရှိ​​ပေမယ့်၊လုပ်ရမှာ​တွေများ​တော့ တကူးတက လုပ်မစားဖြစ်​တော့ဘူး​လေ
အဲ့စိတ်​တွေလည်း​​ပျောက်၊အပန်း​​ဖြေပြီးသားလည်း ရ​အောင် Liamတို့၊Jamesတို့နဲ့ ဘားသွားပြီး ​သောက်လိုက်ကြတာပဲ
မူးပြီး​မှောက်သွား​​တော့ ဘာမှမသိ​တော့ဘူး​လေ
အိမ်ပြန်​ရောက်​တော့လည်း၊​နောက်ရက်တစ်ရက်လုံးက အရက်နာကျလို့ အိပ်ရင်း ပြီးသွားတာ
​နောက်ရက် အလုပ်ပြန်ဆင်း​တော့ အလုပ်ရှုပ်ရင်းပဲ ဘာစားချင်မှန်းကို မသိ​တော့တာ
အဲ့လို၊အဲ့လို"

စားချင်တာ​မေ့ဖို့ ဘားသွားအရက်​သောက်တဲ့ လူကို ​အံ့သြတကြီးကြည့်​နေမိရင်း အ​တွေးဝင်လာမိတယ်၊တတ်နိုင်သ​လောက် ချက်ပြုတ်​ကျွေးဖို့

Unexpected Love(Completed)Where stories live. Discover now