Extra

8.3K 546 39
                                    

"Morning ငယ်"
'ရွှတ်'

ကိတ်မုန့်အတွက် လိုအပ်တာ​တွေပြင်ဆင်​နေတုန်း ခါးဆီ​ရောက်လာတဲ့ လက်​တွေနဲ့အတူ၊ပါးပြင်​ပေါ်​​ရောက်လာတဲ့ အနမ်း​နွေး​နွေး​တွေ
​​ဖက်ထားသူကို လည်ပြန်ကြည့်ကာ မေးဖျားကိုခက်ဖွဖွပြနမ်းရင်းပဲ

"Morning ကိုကိုး
​မွေး​နေ့မှာ ​ပျော်ရွှင်ပါ​စေဗျာ"

"အဟွန်း ​ကျေးဇူးပါဗျာ
ငယ်နဲ့သားနဲ့ရှိ​​နေတဲ့ ​မွေး​နေ့က ဆု​တောင်းစရာမလိုဘဲကို ​ပျော်ရွှင်ရပြီးသား
ငယ်လုပ်​​ပေးတဲ့ကိတ်​လေးနဲ့တင် ကိုကိုး​မွေး​နေ့က အားလုံးပြည့်စုံ​နေပြီ"

"အဟင်း ပြီး​တော့လည်း ကိတ်က ကိုကိုး မြင်ပဲမြင်လိုက်ရမှာ၊ကိုကိုးရဲ့ပန်းသီးလုံးကပဲ စားသွားမှာ"

"ဟား ​အေးကွာ၊​နောက်ဆုံး​တော့ ကိုကိုးက နာမည်ခံဖြစ်ဦးမှာပဲ
ကိုကိုး ဘာကူလုပ်​ပေးရမလဲ၊​ပြော"

"ဘာမှမလုပ်​ပေးပါနဲ့၊မနက်စာလည်း ပြင်ပြီးသား
ကိုကိုးသား နိုးရင်သာ အ​နွေးထည်ထူထူကို ​သေချာ​​လေးဝတ်​ပေးလိုက်
အဲ့​ကောင်​လေးဟာ ဒီ​လောက်​​အေး​နေတာကို အ​နွေးထည်ဝတ်ရမှာ​ကြောက်​နေတာ စဉ်းစားလို့ကိုမရဘူး"

"အဟွန်း ငယ့်သားက သူအ​အေးခံရင် snowmanဖြစ်သွားမယ်ပဲ ထင်​နေတာ​လေ၊စပိုက်ဒါမန်းကြည့်ပြီးကတည်းက ​ရောဂါတက်​နေတာ"

ကိုကိုးအ​ပြော​ကြောင့် သူသ​ဘောတကျရယ်မိရသည်။ပင့်ကူအကိုက်ခံရရင် စပိုက်ဒါမန်းဖြစ်တာ၊သူလည်း အ​​အေးခံလိုက်ရင် စနိုးမန်းဖြစ်မှာပဲလို့ ဆက်စပ်​တွေး​ခေါ်လိုက်တဲ့သားဟာ ​ကျွန်​တော်တို့အလစ်မှာ အ​နွေးထည်ခဏ၊ခဏချွတ်ပစ်လို့ ဆူရတာလည်း ခဏခဏ။
အရွယ်အားဖြင့်လည်း ၄နှစ်ဖြစ်​နေပြီမို့ အရာရာ သူသိသူတတ်၊သူလုပ်တာမှအမှန်ဆိုတဲ့ ​ပြောမ​ကောင်းဆိုမ​ကောင်း အရွယ်​လေးလည်း ဖြစ်လို့​​နေပါပြီ။ပဲကလည်းများ၊အသန့်ကလည်းကြိုက်သည့်သားဟာ မူကြိုမှာလည်း ​ကောင်မ​လေး​တွေ ဝိုင်းဝိုင်းလည်​နေတာပဲလို့ သူ့ဆရာမ​တွေက ​ပြောတာခဏခဏပါပဲ။

"လီယိုနဲ့မိုလီလည်း ထမလာ​သေးဘူး​နော်၊အိပ်​နေကြတုန်းလား"

Unexpected Love(Completed)Where stories live. Discover now