Episode27

17.5K 1.3K 67
                                    

ကျ​နော်တို့နှစ်​ယောက်က ကိုယ်ပိုင်အသိုက်အမြုံ​လေးတစ်ခုမှာ စိတ်ချမ်းသာစွာ ​ရှိ​နေ​ပေမယ့် အမြဲတမ်း ​ပျော်​နေတာကို မကြည့်နိုင်ပုံရတဲ့ ကံကြမ္မာကလည်း စိတ်အ​နှောင့်အယှက်​ပေးဖို့ ​စောင့်​နေပုံပါပဲ။

ဘယ်ကစလဲဆိုရင် ကျ​​နော်တို့နှစ်ပတ်လည်​နေ့က အမှတ်တရပုံ​တွေရယ်၊ရိုက်ထားတဲ့ video​တွေရယ်ကို ​သေချာeditလုပ်ပြီး ဝတ်မှုံတစ်​ယောက် လိုင်း​ပေါ်တင်တာက စတယ်ဆိုရမယ်။
ကျ​နော်တို့နှစ်​ယောက်က social networkမှာ low profileနဲ့ ​နေကြသူ​တွေဖြစ်သလို၊သိပ်လည်း သုံး​လေ့ရှိသူမဟုတ်ပါဘူး။
နှစ်​ယောက်ရဲ့ ig accမှာလည်း ခရီးသွားတုန်းက ရိုက်ထားတဲ့ ရှုခင်းပုံ​တွေ​လောက်ပဲတင်​လေ့ရှိပြီး
ဒါကလည်း ခင်မင်ရင်းနှီးသူတစ်ချို့​လောက်သာ
မြင်ကြရတာမျိုးပါ။
ဝတ်မှုံကလည်း ကျ​နော်တို့နှစ်​ယောက်ကို tagပြီး အမှတ်တရတင်တယ်ဆို​ပေမယ့် publicနဲ့တင်ခဲ့တာ​တော့ မဟုတ်ပါဘူး။
ဒါ​ပေမယ့် သူ့accထဲမှာရှိတဲ့ ငယ်တို့အတန်းက ​ကောင်မ​လေးတစ်​ယောက်က  ငယ့်ပုံကို မြင်သွားရာက​နေ အစပြုတယ်။

အနုပညာ​ကျောင်းရဲ့ ​နာမည်ကြီးစာရင်းထဲပါခဲ့တဲ့ ငယ့်ကို ဘယ်​ရောက်လို့ဘာ​တွေလုပ်​နေလဲလို့ စိတ်ဝင်စားကြတဲ့လူ​တွေက ​အများသားမဟုတ်လား။ဝတ်မှုံတင်တဲ့ ပုံ​တွေ၊video​တွေကို သူတို့​ကျောင်းသား​ဟောင်း group​တွေထဲ ပြန်တင်ပြီး သတင်းပို့ကြရာက​နေ ဒီဂယက်က စလာတယ်။
​အဲ့groupထဲမရှိတဲ့ ငယ်က ဘာမှမသိ​ပေမယ့် ငယ့်အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်၊ငယ်လက်ထပ်တာကိုလည်း သိတဲ့ ငယ့်သူငယ်ချင်း မြတ်သူက အ​ကြောင်းစုံကို သိလို့ ​ပြောပြလာမှပဲ ကျ​နော်တို့က သိကြရတယ်။

တစ်ချို့cmt​တွေက ထင်မထားဘူး၊လိုက်ဖက်ပါတယ်၊မယုံနိုင်ဘူး စသဖြင့် အပြုသ​ဘော​ဆောင်​တဲ့ဖက် ​ရောက်​ပေမယ့်၊ဆိုရှယ်မီဒီယာကို တလွဲအသုံးချရင်း၊ကိုယ့် အငုံ့စိတ်ကို တစ်ခြားသူတစ်ဦးဦးအ​ပေါ်ကို bullyလုပ်ရင်း စိတ်​ဖြေကြတဲ့ လူ​တွေက​​တော့ ဆိုးဆိုးရွားရွားကို ​​ရေးကြပါတယ်။

'သူက $​ခြောက်မို့ ​ကျောင်းထဲက ​ကောင်မ​လေး​တွေကို မကြိုက်တာလား'

Unexpected Love(Completed)Where stories live. Discover now