Episode17

26.1K 2K 64
                                    

နိုးလာတဲ့မနက်ခင်းမှာ ရင်ခွင်ထဲက​ကောင်​လေးကို ခပ်ဖွဖွနမ်းမိတယ်။​စောင်ပုံ​​အောက်က ​ပေါ်​​နေတဲ့ပုခုံးစွန်း​တွေက hickeyရာ​တွေက ညက ကျ​နော်တို့နှစ်​ယောက်ရဲ့ ချစ်ခြင်းသက်​​​​သေ
ကိုယ်ပူချိန်ဆန်းကြည့်​တော့ ပုံမှန်ပဲဖြစ်​နေတာက ​မအိပ်ခင် ​ဆေးတိုက်လိုက်တဲ့ အကျိုး​ကျေးဇူးပဲ​နေမယ်။

ဒီ​နေ့ကစ​နေ​နေ့မို့ ငယ်ရဲ့အားလပ်ရက်၊ကျ​နော်က​တော့ Operationတစ်ခုလုပ်ဖို့ ကြိုရက်ချိန်း​ပေးထားတာမို့ ​ဆေးရုံကမသွားလို့မဖြစ်။
ငယ်တစ်​ယောက် အဆင်​ပြေ​​ပြေ​တော့ ရှိမှာပါလို့ စိတ်ပူစွာ​တွေးရင်းပဲ ငယ့်အတွက် တစ်ခုခုလုပ်​ပေးခဲ့ဖို့ အိပ်ယာ​ပေါ်က အသာထရတယ်။
​​ရေချိုးခန်းဝင်ပြီး ကိုယ်လက်သန့်စင်ပြီ​တော့ ငယ့်အတွက် ​ရေ​နွေးစပ်ပြီး bathtubထဲထည့်​ပေးခဲ့တယ်။နိုးနိုးချင်း ​ရေ​နွေးစိမ်လိုက်ရင် အ​ညောင်း​ပြေလို့ ငယ် အဆင််​ပြေမှာပါ။

ကျ​နော် ​အောက်ထပ်ဆင်း​​တော့ လီယိုက သူ့အိပ်ယာခြင်းထဲက​နေ မကြည်သလို လှမ်းကြည့်​နေတယ်။ကြည့်ရတာ ညက သူ့ကို​တောင် အားမနာဘဲ အချစ်ကျူး​နေကြတဲ့ အ​ဖေနှစ်​ယောက်ကို မ​ကျေနပ်ပုံပါပဲ။မ​ကျေနပ်ရင် ဒီ​​ဆောင်းကုန်ရင် မင်းလည်း ​ကြောင်မ,ရှာ​ပေါ့ကွာလို့ပဲ အူမြူးမြူးနဲ့ ​တွေးရင်း ရယ်လိုက်မိတယ်။

ငယ်စားလို့အဆင်​ပြေ​အောင် ဘာလုပ်​ပေးရမလဲ စဥ်းစားရင်း ​ရေခဲ​သေတ္တာ​မွှေ​တော့ ခဲထားတဲ့ ပုစွန်ထုပ်ကြီး​တွေ​​တွေ့လို့ ကိုရီးယားစတိုင်လ် ပုစွန်ဆန်ပြုတ်လုပ်​ပေးဖို့ အကြံရတယ်။

ပုစွန်လည်းကြိုက်​တော့ ဆန်ပြုတ်​သောက်ဖို့ကို ငယ် တအားဂျီကျမှာ​တော့ မဟုတ်​လောက်ဘူး။
ခဲ​နေတဲ့ပုစွန်​တွေနဲ့ ဆန်တစ်ခွက်ကို ​ရေစိမ်ထားတုန်း ဆန်ပြုတ်ထဲထည့်မယ့် ဥနီ၊ကြက်သွန်ဖြူ၊နီ၊ကြက်သွန်မြိတ်​တွေကို လှီးတယ်။
ဆန်က ​အနည်းဆုံး၁နာရီ​လောက် ​ရေစိမ်ဖို့လိုတာမို့ အားလုံး အဆင်သင့်ပြင်ပြီး​တော့ Liamကို ဖုန်းဆက်ဖို့ပြင်တယ်။တစ်ခြား​တော့မဟုတ်၊operationက၁၁နာရီမှ စမှာမို့၊ကျ​နော်မ​ရောက်ခင်ထိ ဂျူတီမထွက်​သေးဖို့ ​ပြောရတာပါ။
ပုံမှန်ဆို ဒီလိုအချိန်ပိုဆင်း​ပေးတဲ့ နာရီ​တွေအတွက်ပါ fee​ကြေးရ​ပေမယ့် ကျ​နော်တို့​တွေက​တော့ အချင်းချင်းအမြဲကူညီ​​နေကြပါ။ကျ​နော်နဲ့Liamက နှလုံးနဲ့ရင်​ခေါင်းဌာနမှာ လုပ်ပြီး
Jamesနဲ့Odinက ဦး​နှောက်နဲ့အာရုံ​ကြောဌာနကပါ။​ဒီလိုမျိုး တစ်​ယောက်က​​နေ့ဂျူတီ၊တစ်​ယောက်က ညဂျူတီကျတဲ့ ​နေ့​တွေဆို ဂျူတီပြီးရင်​တောင် မပြန်ဘဲ နား​နေခန်းမှာ ​သောင်တင်တတ်ကြတဲ့ အတွဲညီတဲ့လူ​တွေပါ။

Unexpected Love(Completed)Where stories live. Discover now