အပိုင်း ( ၄၈ )

Start from the beginning
                                    

နောက်တစ်ပုံကတော့ မျက်ဝန်းနေမကောင်းဖြစ်နေတုန်းက ကိုကိုကမျက်ဝန်းကိုဆန်ပြုတ်ခွံ့ကျွေးနေတဲ့ပုံကို အကိုစိုင်းရဝေက ဓာတ်ပုံရိုက်ပေးထားခြင်းပင်

" ကလေး နေကောင်းဖြစ်တုန်းက ကိုကို့ရဲ့စိုးရိမ်မှုတွေက ဆယ်ဆမကပဲ သူများတွေအမြင်မှာ ကိုကို့ရဲ့ပုံစံက အပိုလို့ဆိုနိုင်ပေယ့် ချစ်မိတဲ့သူတိုင်းကတော့နားလည်လိမ့်မယ်..... နေကောင်းဖြစ်လို့ နီနေတဲ့မျက်နှာလေးက ကိုကို့ကိုဝမ်းနည်းစေတယ် အဲ့အချိန်မှာ ကလေးရဲ့စကားသံချိုချိုလေးတွေက ပျောက်သွားပြီး တိတ်ဆိတ်ခြင်းတွေကသာစိုးမိုးနေခဲ့တယ်
အင်း......ကိုကိုဝမ်းအနည်းဆုံးအချိန်ပေါ့ ".....

မျက်ဝန်းမှာ စာတွေဖတ်ရင်းဖတ်ရင်းနှင့် ပျော်ရွှင်မှုကိုရော ဝမ်းနည်းမှုတွေကိုပါ တစ်ပြိုင်နက်တည်းခံစားနေရသည်

နောက်ထပ်ပုံတွေနဲ့စာတိုလေးတွေက မျက်ဝန်းကို ငိုအောင်စွမ်းဆောင်နိုင်သည် ပျော်လို့ကျရတဲ့မျက်ရည်တွေအ​ဖြစ်နဲ့ပေါ့

နောက်ဆုံးပုံလေးနဲ့စာသားကတော့ မျက်ဝန်းကို အပျော်ရွှင်ဆုံးနဲ့ ဝမ်းအနည်းဆုံးပါပဲ

မျက်ဝန်းရှမ်းပြည်မှာရှိနေတုန်းက ကိုကိုနဲ့ရိုက်ထားတဲ့ဓာတ်ပုံလေးပင် နောက်ဆုံးနမ့်စန်မှာရှိတုန်းက တာရာမင်းမြတ်ရိုက်ပေးထားခဲ့တဲ့ပုံလေး
ဒီပုံလေးက ကိုကိုက မျက်ဝန်းရဲ့ပါးလေးကိုနမ်းနေပြီး မျက်ဝန်းကရှက်လို့ မျက်လုံးမှိတ်ထားတဲ့ပုံလေးပင်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now