“တော်လောက်ပြီ တော်လောက်ပြီ . . .”

“မင်းတို့တွေ အခု ငိုလို့ပြီးဦးမှာလား၊ ကိုယ့်ကိုယ် ကိုယ် အသက်ဘယ်လောက် ရှိပြီလဲလို့ ပြန်မေးကြဦး၊ ဒီလောက်ငိုပြီးရင် တော်ရောပေါ့ . . .”

ရဲရှောင်မှ ညင်သာမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဟင့်အင်း မလုံလောက်သေးဘူး လုံးဝကို မလုံ လောက်သေးဘူး . . .”

မိန်းကလေးနှစ်ဦးမှ ရဲရှောင်အား စိုက်ကြည့်ရင်း ပြောလိုက်သည်။

ထိုသို့ပြောနေရင်းဖြင့် သူမတို့၏ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များ ထပ်မံစီးကျလာကြပြန်သည်။

(ဘုရား ဘုရား မူလတာအို အဆင့်ကိုးရှိတဲ့ ပညာ ရှင်တွေက မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေကို လိုသ လောက် သိမ်းဆည်းထားနိုင်ကြတာလား . . .)

ယခင်နေ့ရက်တုန်းက မိန်းကလေးနှစ်ဦး မည်မျှ ငို ကြွေးနေပါစေ သူတောင်းစားလေးမှာ သူမတို့အား ငို ကြွေးနေစဉ်အတွင်း နှစ်သိမ့်ပေးလေ့ မရှိပေ။

ငိုလို့ဝသည့် အချိန်အထိ စိတ်ရှည်ရှည်ဖြင့် စောင့် ဆိုင်းပေးတတ်သည်။

ထိုသို့ ငိုပြီးလျှင်မူ သူတောင်းစားလေး၏ နှုတ်မှ စကားတစ်ခွန်းကို အမြဲတစေ ပြောခဲ့ဖူးသည်။

“လုံလောက်ပြီလား ငိုလို့ ဝကြပြီလား . . .”

သူ ထိုကဲ့သို့ ပြောလိုက်လျှင် မိန်းကလေးနှစ်ဦးမှ ရှက်အမ်းအမ်းဖြင့် ပြန်ပြောတတ်ကြသည်မှာ -

“မလုံလောက်သေးဘူး လုံးဝကို မလုံလောက်သေး ဘူး . . .”

အစ်ကိုဖြစ်သူအား ထိုသို့ ပြန်ပြောပြီးလျှင် ဆက်၍ ငိုကြွေးတတ်ကြပြန်သည်။

ယခုအခါ နှစ်ပေါင်းများစွာ ကွဲကွာခဲ့သော အစ်ကို ဖြစ်သူ၏ နှုတ်မှ ယခင်အတိုင်း ပြန်ပြောသံကို ကြား လိုက်ရသောအခါ သူမတို့၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာမှကို စူးနင့်စွာ ခံစားလိုက်ရသည်။

ထို့ကြောင့် ယခင်နေ့ရက်များကို ပြန်မြင်ယောင်မိ သွားပြီး ပို၍ပင် ငိုကြွေးကြပါတော့သည်။

You've reached the end of published parts.

⏰ Last updated: Aug 19, 2023 ⏰

Add this story to your Library to get notified about new parts!

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now