1041---1042

142 13 1
                                    

အခန်း (၁၀၄၁)(စာစဉ် ၇၅- အပိုင်း ၅)

“အကျိုးမြတ်များစွာ ရသွားသည့် ရဲမျိုးနွယ်”

လီမျိုးနွယ်က ရဲမျိုးနွယ်ထက် လူအင်အားနည်း သည့်တိုင် လုံခြုံစွာဖြင့် ပြန်လာနိုင်ခဲ့ကြသည်။

ထို့ပြင် ရဲမျိုးနွယ်မှ လူများမှာလည်း အခွင့် အရေးကို ရလျှင် ရသလို ယူမည့် လူများသာ ဖြစ်၏။

ထို့ကြောင့် အကျိုးအမြတ် အများဆုံး ရသွားမည့် လူများမှာ ရဲမျိုးနွယ်စုသာ ဖြစ်တော့သည်။

လီမျိုးနွယ်လည်း အကျိုးအမြတ်များ ရခဲ့သည့်ဟု ဆိုသော်ငြား ရေရေရာရာ တန်ဖိုးရှိသည့် အရာများမူ မဟုတ်ချေ။

“မင်းတို့ လေးယောက်က အသုံးမကျတဲ့ ကောင် တွေပဲ . . .”

လီခေါင်းဆောင်က ထွက်ပြေးလာသည့် လူ ၄ ဦး အား ကြည့်ရင်း မာန်မဲလိုက်သည်။

သူ ဒေါသထွက်လည်း ထွက်ချင်စရာ အခြေအနေ ပင် မဟုတ်ပါလား။

ထိုလူ ၄ ဦးလည်း သူ့တို့အပြစ် သူတို့ သိ၍ မျက်နှာ ငယ်ဖြင့်သာ ရှိနေကြသည်။

ကျန်လူများ အားလုံး ယခုလို ပြန်လာမည့်အစား သေသွားခဲ့လျှင်သာ ကောင်းမည်ဟု ၎င်းတို့စိတ်ထဲ တွေးလိုက်မိကြသည်။

ယခုကဲ့သို့ ပြန်လာကြ၍သာ သူတို့ အပြစ်ပေးခံရ တော့မည် မဟုတ်ပါလား။

တောင်ပေါ်မှ ပြန်ဆင်းလာချိန် ရဲမျိုးနွယ်က ပျော် ရွှင်မှုကို ရင်ဝယ်ပိုက်ရင်း ဆင်းလာနိုင်သော်လည်း လီ မျိုးနွယ်မှ လူများ၏ မျက်နှာများကမူ ပြိုတော့မည့် မိုးလိုပင် ဖြစ်နေကြသည်။

“မင်းတို့ အားလုံး ပြန်လာကြတာ ကောင်းတယ်”

“ဒါနဲ့ ငါတို့ မိတ်ဆွေလေး ရဲရော . . .”

ရဲရှန်ချန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

နောက်ဆုံးတွင် တစ်စုံတစ်ခု မှားယွင်းကြောင်း သူ သဘောပေါက်သွား၍ မေးလိုက်ခြင်းပါပင်။

“သူ ဘာဖြစ်ခဲ့တာလဲ . . .”

“သူ ဘယ်မှာလဲ . . .”

လူတိုင်း ကြောင်ငေးသွားကြသည်။

(ဟုတ်သားပဲ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now