1013---1014

144 11 1
                                    

အခန်း (၁၀၁၃)(စာစဉ် ၇၃- အပိုင်း ၅)

“ရဲမျိုးနွယ်စု၏ အကြပ်အတည်း”

ရွှမ်ပိုင်မှ ထိုသို့ ဖြစ်စေချင်နေသော်လည်း ဟန်ပိုင် ယွဲ့ စိတ်ထဲတွင်မူ -

(မဟုတ်သေးဘူး ခင်ဗျား မသိသေးဘူးနော် . . .)

(ကျုပ် ဆရာသမားက ဒါမျိုး အလေ့အကျင့်တွေ မလိုအပ်ဘူး၊ သူလိုအပ်တာက အချိန်ပဲ၊ သူသာ အချိန် တစ်ခု ပေးလိုက်ရင် ရပြီ . . .)

(ခင်ဗျားက သူ့ကို ဘယ်သူများ ထင်နေလို့လဲ . . .)

(ဘဝတစ်ခုသာ ပြောင်းသွားပေမယ့် သူ့ရဲ့ သွေး ကြောတွေထဲမှာ ရှောင်ဧကရာဇ်ရဲ့ သွေးတွေက ခုထိ စီးဆင်းနေတုန်းပဲ . . .)

(နောက်ပြီး သူက ကျုပ်ရဲ့ ဆရာသမားဆိုတော့ ဒီ လိုမျိုး အတွေ့ကြုံတွေ လုံးဝ မလိုအပ်ဘူး . . .)

သို့သော် ဟန်ပိုင်ယွဲ့မှာ ထိုစကားများကို နှုတ်မှ ထုတ်မဖော်ရဲ။

ရွှမ်ပိုင် ခိုင်းသည့် အတိုင်းသာ လုပ်လိုက်သည်။

အကယ်၍ ထိုသို့ နောက်မဆုတ်လိုက်ပါက ရွှမ်ပိုင် မှ သူ့အား အမှုန့်ကြိတ်ပစ်မည်မှာ အသေအချာပင်။

ရွှမ်ပိုင်မှာ အပိုစကားများ မပြောဘဲ အလုပ်ဖြင့်ပင် သက်သေပြတတ်သည့် အမျိုးသမီးတစ်ဦးပင် မဟုတ် ပါလား။

ရဲရှောင်မှာမူ ပြောလိုက်သည့် အသံပိုင်ရှင်ကိုသာ အာရုံစိုက်လိုက်သည်။

ထိုလူငယ်မှာ ခရမ်းရောင် အဝတ်အစားများ ဝတ် ဆင်ထားပြီး သူ၏ နောက်တွင်မူ သက်လတ်ပိုင်း အရွယ် လူနှစ်ဦး ရှိနေသည်။

ထိုလူများမှာ လူငယ်၏ အစောင့်အကြပ်များ ဖြစ် ကြဟန်ပါပင်။

ရဲရှောင်လည်း သူ၏ စိတ်စွမ်းအင်များဖြင့် ခြုံငုံ၍ ကြည့်လိုက်သောအခါ ၎င်းတို့မှာ မူလအိပ်မက် အဆင့် သုံး ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရဲရှောင် စိတ်ထဲ အံ့ဩသွားမိသည်။

အခြားနေရာများ၌ ထိုသို့ မူလအိပ်မက် အဆင့်သုံး ရှိသည့် လူများအား အစောင့်အဖြစ် ထားခြင်းမှာ မထူး ဆန်းသည့် သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now