1119-----1120

133 15 2
                                    

အခန်း (၁၁၁၉)(စာစဉ် ၈၀- အပိုင်း ၁၃)

“ပုဒ်မရဲ့နောက်မှ အဆက်ရှိသေးတယ်”

“သူတို့က တစ်ဦးနဲ့ တစ်ဦး ဖေးမရင်း တစ်ဦး အသက်ရှင်နေရတာ တစ်ဦးကြောင့်ဆိုတဲ့ ပုံစံမျိုးနဲ့ အသက်ရှင်ခဲ့ကြတယ် . . .”

“ကလေးနှစ်ယောက်က မွေးရာပါ ဒဏ်ရာကြောင့် ရော၊ ခွဲစိတ်ခဲ့တဲ့ ဒဏ်ရာကြောင့်ပါ အများကြီး ခံစားခဲ့ ရတယ်၊ နောက်ပြီး သူတို့က အားလည်း နည်းနေကြ သေးတယ်လေ၊ အသက် ၂ နှစ်ပြည့်တာတောင် စကား မပြောနိုင်ကြသေးဘူး၊ ၃ နှစ်လည်းပြည့်ရော သူတို့က မှောက်ပြီးသွားနိုင်ရုံပဲ ရှိသေးတယ်၊ ဒဏ်ရာ ရထားတဲ့ ခြေထောက်တွေကလည်း မသက်သာကြဘူးလေ . . .”

“သူတို့ ၄ နှစ် ရောက်တဲ့အခါမှာတော့ ပထမဆုံး စကားကို သင်ယူနိုင်ခဲ့တယ်၊ အဲဒီအချိန်မှာ အဲဒီစကား လုံး တစ်လုံးကိုပဲ သူတို့ပြောနိုင်ခဲ့ကြတယ် . . .”

ရဲရှောင်မှ ပြုံးလျက် ပြောလိုက်သည်။

“အဲဒီစကားလုံးက အစ်ကိုကြီးတဲ့ . . .”

နားထောင်နေသော ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့၏ မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်လာလေ သည်။

ရဲရှောင်ကိုလည်း ဝမ်းနည်းမှု၊ အံ့ဩမှု စသည့်ခံစား ချက်များ ပါဝင်နေသည့် အကြည့်များဖြင့် စိုက်ကြည့် လျက် ရှိနေကြသည်။

ရဲရှောင် ပြောသမျှ နားထောင်ရင်း သူမတို့၏ နှလုံး သား တစ်ခုလုံးလည်း ပေါက်ကွဲထွက်မတတ် ခံစားနေ ရသည်။

“တစ်နေ့မှာတော့ ကလေးနှစ်ယောက်လုံး မတ် တပ်ရပ်ပြီး စကားပြောနိုင်ခဲ့ကြတယ် . . .”

ရဲရှောင်က တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။

“သူတောင်းစားလေးကတော့ အဲဒီ မြင်ကွင်းကို ကြည့်ပြီး စိတ်လှုပ်ရှားသွားတာပေါ့၊ ပျော်ပွဲရွှင်ပွဲ လုပ် ဖို့ဆိုပြီးတောင် အစားအစာတွေ အများကြီးကို ခိုးယူခဲ့ တယ်၊ သူတို့ရဲ့အစ်ကိုကြီးကို စကားတွေ အများကြီး ပြန်ပြောနိုင်ပြီလေ . . .”

“အဲဒီနေ့မှာ သူတို့တွေ အစားအသောက်တွေ စား သောက်ရင်း ပျော်ရွှင်ခဲ့ကြတယ် ဒါပေမယ့် သူတောင်း စားလေးက သိပ်ပြီး လောဘကြီးခဲ့တယ်၊ ခိုးလာတာ တွေ များတော့ လူတွေရောက်လာပြီး အဆုံးသတ်မှာ အဲဒီလူတွေက သူတောင်းစားလေးရဲ့ လက်တွေကို ဖြတ်ပစ်ခဲ့ကြတယ်၊ မိန်းကလေးတွေက သူတို့ရဲ့ အစ် ကိုကြီးကို ကြည့်ပြီး အသံကျယ်ကြီးတွေနဲ့ အော်ဟစ် ငိုယိုခဲ့ကြတာပေါ့ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now