1069---1070

143 14 1
                                    

အခန်း (၁၀၆၉)(စာစဉ် ၇၇- အပိုင်း ၅)

“ငါ့မှာ အများကြီး ရှိသေးတယ်”

သူ လှမ်းမျှော်ကြည့်ချိန် မြင်တွေ့လိုက်ရသည့် အ ရာက ဆေးတောင်ကြီး၏ စတုတ္ထအလွှာပါပင်။

တစ်ပုံစံတည်းပင် တူနေခြင်း ဖြစ်၏။

ထိုသို့ဆိုလျှင် သူ၏ သစ်သားဟင်းလင်းပြင်က မည်သည့် နေရာသို့ ရောက်သွားပါသနည်း။

သစ်သား ဟင်းလင်းပြင်ကို ဆုံးရှုံးသွားရခြင်းတော့ မဖြစ်နိုင်၊ လေးလွှာမြောက်က အစားထိုးဝင်လာခြင်း သာ ဖြစ်နိုင်သည်။

ဆေးတောင်ကြီး၏ စတုတ္ထအလွှာက သူ၏ သစ် သားဟင်းလင်းပြင်ထက် များစွာ ကျယ်ဝန်းသည်။

သို့သော် သစ်သားဟင်းလင်းပြင်ထဲ၌ ရတနာများ စွာ ရှိနေသေးပေသည်။

ကျင့်ကြံခြင်း လက်ဖက်ပင်၊ အားဖြည့် ကြာပန်း များနှင့် အထူးသဖြင့် ရင့်မှည့်လုနီးပါး ဖြစ်နေသည့် ကြာပန်းများ ရှိနေပါသေးသည်။

ထိုကြာပန်းများကို စတုတ္ထအလွှာ၌ ခက်ခက်ခဲခဲ ရှာဖွေခဲ့ပြီးနောက် သစ်သားဟင်းလင်းပြင်ထဲ ထည့်ခဲ့ ခြင်း ဖြစ်သည်။

သို့သော် စတုတ္ထအလွှာကြီး တစ်ခုလုံး သူ၏ ဟင်း လင်းပြင်ထဲ ယခုကဲ့သို့ ရောက်လာလိမ့်မည်ဟု မထင် ထားမိခဲ့ပေ။

(ဘယ်လို ဖြစ်တာလဲဟ . . .)

(ငါ့ကို လာနောက်နေတာများလား . . .)

(ငါ့ကို အရူးလုပ်တယ်ဆိုလည်း ထားပါ ဒါပေမယ့် သစ်ပင်တွေနဲ့ ကြာပန်းတွေကိုတော့ ဆုံးရှုံးလို့ မရဘူး၊ အဲဒါတွေသာ ဆုံးရှုံးသွားရင် ရှိနေတဲ့ ဒီအရာတွေက ငါ့ကို ဖြေဖျောက်ပေးနိုင်မှာ မဟုတ်ဘူး . . .)

ထို့နောက် ရဲရှောင်လည်း အတန်ကြာ ရှာဖွေပြီး နောက် သစ်သားဟင်းလင်းပြင်ကို ထောင့်တစ်နေရာ၌ တွေ့သွားလေသည်။

စတုတ္တအလွှာနှင့် နှိုင်းယှဉ်လျှင် သူ၏ သစ်သား ဟင်းလင်းပြင်က အလွန်သေးငယ်ပြီး ကျဉ်းမြောင်းလှ သည်ကိုလည်း တွေ့လိုက်ရသည်။

စတုတ္တအလွှာ ပေါ်လာ၍ သစ်သားဟင်းပြင်က ယခုကဲ့သို့ ထောင့်ကပ်သွားရခြင်း ဖြစ်နိုင်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now