1087----1088

144 13 1
                                    

အခန်း (၁၀၈၇)(စာစဉ် ၇၈- အပိုင်း ၉)

“အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း”

ရဲရှောင်၏ စကားက နွေခေါင်ခေါင်မိုးကြိုးပစ်ချခံရ သလိုပင် ရှိနေသော လူများအားလုံးကို ခံစားသွားစေခဲ့ သည်။

(ဒီကောင်လေးက ကြည့်တော့သာ ရူးသလိုလိုပေါ သလိုလိုနဲ့ တကယ်တမ်းကျ အညှာတာ ကင်းမဲ့ပြီး ရက်စက်လိုက်တာ . . .)

(ဒီလို ကိစ္စမျိုးတွေကို ဘယ်လိုစိတ်မျိုးနဲ့ သူလုပ် နိုင်နေရတာပါလိမ့် . . .)

(အခုလည်း သူ့ကို ခြိမ်းခြောက်လာနိုင်တဲ့ အရာ မှန်သမျှကို ချမ်းသာမပေးဘဲ အပြတ်ရှင်းပစ်တော့မယ့် ပုံပဲ . . .)

“ကြည့်ရတာ ခင်ဗျားတို့ အားလုံးက လူဆိုး မဖြစ် ချင်ကြဘူးနဲ့ တူတယ်၊ ဒါဆိုလည်း ကောင်းပြီ ကျုပ်ပဲ လူဆိုးလုပ်ပေးရတော့တာပေါ့ . . .”

“ကျုပ်က မနေ့ကမှ အိမ်ပြန်ရောက်တာဆိုတော့ ဘယ်သူက ဘယ်သူလဲဆိုတာ သိတောင်မသိသေးဘူး၊ အဲဒီတော့ ကျုပ်ဘက်က သိပ်ပြီးညှာနေစရာမလိုတော့ ဘူးပေါ့ . . .”

“မကောင်းတဲ့ လူတွေကို ရှင်းပစ်ရင်း အကုသိုလ် တွေ အားလုံးကို ကျုပ်ပဲ ခံယူလိုက်ပါ့မယ် . . .”

ရဲရှောင်မှ အေးအေးလူလူဖြင့်ပင် ပြောလိုက်သည်။

“မဖြစ်ဘူး မဖြစ်ဘူး . . .”

ရဲရှုချင်၏ နှုတ်မှ ထိုသို့သာ ပြောလိုက်နိုင်သည်။

ရဲရှောင်က လက်နှစ်ဖက်ကို ဝေ့ယမ်းရင်း အေး စက်လှသည့် အလင်းတန်းများကို နေရာအနှံ့သို့ ထုတ် လွှတ်လိုက်ပြီ မဟုတ်ပါလား။

တကယ်တမ်းတွင် ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့တို့မှာ ၎င်းတို့၏ ချီဓာတ်များကို ပေါင်းစပ်ပြီး အစောပိုင်း ကတည်းကပင် ထိုလူများကို ပစ်မှတ်ထားခဲ့သည်။

ထို့ကြောင့် ထိုလူများကို ချမ်းသာပေးရန်မှာ မည် သို့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်တော့ပေ။

ထိုအချိန် မရေတွက်နိုင်သည့် ဓားပျံများ၊ အပ်များ အပါအဝင် လက်နက်ပုန်းများမှာ ထွက်ပေါ်လာလေ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now