Chapter (937)"အရွယ်ရောက်မှ ပြန်ဆုံကြမယ်"

140 19 0
                                    

Chapter (937)(စာစဉ် ၆၇- အပိုင်း၁၃)

“အရွယ်ရောက်မှ ပြန်ဆုံကြမယ်”

လင်းယုန်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး တောင်ပံ များကို တဖျတ်ဖျတ် ခတ်လိုက်သည်။

ထို့နောက် စာအုပ်ကိုပါ ရဲရှောင်ရှေ့ တိုးပေးရင်း ကောင်းကင်ထက် မော့ကာ အော်ဟစ်လိုက်သည်။

၎င်း၏ ပုံစံက ကြီးလေးသော တာဝန်ကြီး တစ်ခု ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိုက်သလိုပါပင်။

ရဲရှောင်လည်း စာအုပ်ကို ဖွင့်ကြည့်သောအခါ စာလုံးအချို့ကို မြင်တွေ့လိုက်ရသည်။

‘ကြယ်ဓားကျင့်စဉ်’ ဟူ၍ပင် ဖြစ်သည်။

ထိုစဉ် ထူးဆန်းမှု တစ်ခုက ဖြစ်ပေါ်သွားသည်။

ရဲရှောင် ကြည့်နေစဉ်မှာပင် စာအုပ်က အလင်း တန်း တစ်ခုအဖြစ် ပြောင်းသွားပြီး သူ၏ ခေါင်းထဲသို့ ဝင်သွားခြင်း ဖြစ်သည်။

ထို့နောက် ဓားတစ်ချောင်း ကိုင်ထားသော လူ၏ ပုံရိပ်က သူ့စိတ်ထဲ ပေါ်လာပြန်သည်။

ထိုလူ ကိုင်ထားသော ဓားက ကြယ်ဓားပင် ဖြစ်ပြီး အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။

ထိုလူက လေသံ ခပ်အေးအေးဖြင့် -

“ငါက ကြယ်ဓားကျင့်စဉ်ကို ဖန်တီးခဲ့တယ် . . .”

“ဒီကျင့်စဉ်ကို ကောင်းကင်ထက်က ကြယ်တွေနဲ့ပဲ ထွန်းလင်း တောက်ပစေချင်တယ် . . .”

“ဓားတစ်ချက်တည်းနဲ့ ကမ္ဘာမြေကြီးကို ငြိမ်းချမ်း စေချင်တယ် . . .”

“ဓားတစ်ချက်တည်းနဲ့ မိစ္ဆာတွေအားလုံးကို အံ့ဩ မှင်သက် သွားစေချင်တယ် . . .”

“ဓားတစ်ချက်တည်းနဲ့ ဟင်းလင်းပြင်ကို ဖြိုခွဲသွား စေချင်တယ် . . .”

“အကွက် ၁”

“တိမ်တိုက်တွေကို ထိမှန်ဖို့ ဓားကို ဝေ့ယမ်းပြီး ကြယ်တွေကို ထိပါ . . .”

ထိုအခါ ဓားက ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

ရဲရှောင်ကမူ လှုပ်ရှား၍ မရ။

မတ်တပ်ရပ်လျက် အနေအထားဖြင့် ဓားရွေ့လျား သွားသည်ကိုသာ ငေးကြည့်နေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now