Chapter (947)"နှင်းကိုးလွှာ ကောင်းကင်"

145 16 0
                                    

Chapter (947)(စာစဉ် ၆၈- အပိုင်း၉)

“နှင်းကိုးလွှာ ကောင်းကင်”

ပြီးခဲ့သော ၂နှစ်အတွင်း နေရောင်းဂိုဏ်းမှ လူများ သေဆုံးမှု၏ ၉၅ရာခိုင်နှုန်းခန့်မှာ ရှောင်ဧကရာဇ် ကြောင့်သာ ဖြစ်သည်။

ရှောင်ဧကရာဇ် သေဆုံးသွား၍ ၎င်းတို့အဖို့ ကံကောင်းသွားသည်ဟု ဆိုရမည်။

အကယ်၍ ရှောင်ဧကရာဇ်သာ အသက်ရှင်နေပါက ၎င်းတို့အတွက်လည်း မလွယ်နိုင်ချေ။

(ရှောင်ဧကရာဇ်က ဒေါသတကြီးနဲ့ သတိလက် လွတ် ဖြစ်ခဲ့လို့သာ ကံကောင်းသွားတယ် . . .)

(ဒီလို မိုက်မိုက်မဲမဲ တိုက်ခိုက်ခဲ့လို့သာ သူရှုံးသွားရ တာပေါ့ ငါတို့ ဘယ်လောက် ကံကောင်းခဲ့သလဲ . . .)

(သူသာ သေချာလေး အချိန်ယူပြီး အရိပ်မဲ့လို ငါတို့ကို လုပ်ကြံနေရင် တကယ် မလွယ်လောက်ဘူး)

နေရောင်ဂိုဏ်းမှ လူများအဖို့ ထိုသို့သာ တွေးမိခဲ့ ကြသည်။

အကယ်၍ ရဲရှောင်သာ အသက်ရှင်နေသေးပါက သူ၏ မိတ်ဆွေများနှင့် ပေါင်း၍ ဂိုဏ်းသုံးခုကို တိုက်ခိုက်ကြမည်မှာ အသေအချာပင်။

ထို့ကြောင့် ရှောင်ဧကရာဇ် ဆိုသည့် နာမည်က ဂိုဏ်းသုံးခုအတွက်မူ အိပ်မက်ဆိုး တစ်ခုလို ဖြစ်နေခဲ့ရ သည်။

ယခု ရဲရှောင် သတ်ဖြတ်ခဲ့သော လူမှာလည်း ထို့အတူပါပင်။

စင်စစ် သူ၏ ကြောက်ရွံ့စိတ်က သူ့ကို သေတွင်း ထဲ ပို၍ တွင်းပို့သလို ဖြစ်စေခဲ့သည်။

ရဲရှောင်၏ ဓားခုတ်ချက်ကို မြင်လိုက်ချိန်တွင် ကြောက်ရွံ့စိတ်ကြောင့် သူ၏ တိုက်ခိုက်မှုကို ရပ်တန့် လိုက်သည် မဟုတ်ပါလား။

ထိုသို့ ရပ်တန့်လိုက်၍သာ တစ်စက္ကန့်အတွင်း သေ ဆုံးသွားရခြင်း ဖြစ်သည်။

တိုက်ပွဲတစ်ခုတွင် တစ်စက္ကန့်ဆိုသည့် အချိန်မှာ ပင် အရှုံးအနိုင်က အဖြေပေါ်နိုင်သည်။

ထို့ပြင် တစ်စက္ကန့် ဆိုသည့် အချိန်က လူတစ်ဦး၏ သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်စွမ်း ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now