1043---1044

136 12 1
                                    

အခန်း (၁၀၄၃)(စာစဉ် ၇၅- အပိုင်း ၇)

“ပစ္စည်းများစွာ သိမ်းဆည်းခြင်း”

ကောင်းကင်ဘုံကြီးမှ ထာဝရ တည်တံ့မည့်အရာ ဟူ၍ ဖန်ဆင်းပေးထားခြင်းမျိုး မရှိပေ။

အရာရာတိုင်းက ဖြစ်ပြီးလျှင် ပျက်တတ်သည့် သဘောမျိုးသာ ရှိသည် မဟုတ်ပါလား။

သို့သော် ယခု သစ်ကြမ်းပိုးသီးတွင်မူ ထိုသဘော က သက်ရောက်မှု မရှိပေ။

မစားပစ်မချင်း မြေပေါ်တွင် ထိုအတိုင်းသာ တည် ရှိနေမည် မဟုတ်ပါလား။

ထို့ပြင် အသီးသာမက အပင်၏ အမြစ်ကလည်း ဆန်းကျယ်လှသည်။

ထိုအမြစ်၏ ထူးခြားသော အချက်က ပုပ်သိုးသွား ခြင်းမရှိသည့် အသီးများပေါ် မူတည်နေသည်။

အသီး မြေပေါ်ခကြွေ၍ တစ်စုံတစ်ဦး စားသွားခဲ့ သည်ရှိသော် ထိုလူမှ စွမ်းအင်များကို ရသွားနိုင်သည်။

ထိုသို့ မဟုတ်ပါကလည်း မြေကြီးအတွင်း ရောက် သွားပြီး စိတ်စွမ်းအင် အမြစ်၏ သန့်စင်မှုကို ခံရကာ စိတ်စွမ်းအင် ချီဓာတ်အဖြစ် ပြောင်းလဲသွားနိုင်သည်။

မှော်ဆန်လွန်းသည့် ဖြစ်တည်မှု တစ်ခုဟုပင် ဆို နိုင်သည်။

ထို့ပြင် သစ်ပင်၏ ပတ်လည်၌ သိပ်သည်းလှသည့် စိတ်စွမ်းအင် ချီဓာတ်များစွာ ရှိနေပြန်သည်။

သို့သော် ထူးဆန်းသည်က ထိုချီဓာတ်များမှာ လေ နှင့်အတူ လွင့်ပါသွားခြင်းမျိုး မရှိပေ။

စင်စစ် စိတ်စွမ်းအင် အစိုင်အခဲများအဖြစ် ပြောင်း လဲသွား၍ ထိုသို့ လွင့်မပါသွားခြင်းသာ။

ဤသည်ကလည်း ထူးဆန်းသည့် ဖြစ်တည်မှု တစ် ခုဟုပင် ဆိုရမည်။

ထိုအစိုင်အခဲများကို မြင်သည်နှင့် ရဲရှောင် မှတ်မိရ ခြင်းမှာ ရှောင်ဧကရာဇ် ဘဝ၌ ကြုံတွေ့ခဲ့ရသည့် လေလံပွဲတစ်ခုကြောင့် ဖြစ်၏။

ထိုလေလံပွဲ၌ အနည်းငယ်မျှသော စိတ်စွမ်းအင် အစိုင်အခဲများကို အလုအယက်ပင် လေလံပြိုင်ဆွဲခဲ့ ကြသည်။

ထို အနည်းငယ်လေးကပင် လေလံပွဲ တစ်ခုလုံး အား လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည် မဟုတ်ပါလား။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now