1107----1108

151 19 1
                                    

အခန်း (၁၁၀၇)(စာစဉ် ၈၀- အပိုင်း ၁)

“ဆေးနတ်ဘုရား၏ အမွေအနှစ်”

ကျွင့်ယင်းလျန် ထွက်ခွာသွားပြီး သိပ်မကြာခင်မှာ ပင် ထိုနေရာသို့ လူများစွာ ရောက်ရှိလာကြသည်။

အကယ်၍ ကျွင့်ယင်းလျန်သာ ကျယ်လောင်သော တိုက်ခိုက်မှုမျိုး မပြုလုပ်ခဲ့ပါက ထိုလူများ ယခုနေရာ သို့ အချိန်တိုအတွင်း ရောက်လာလိမ့်မည် မဟုတ်ပေ။

ရောက်လာသည်ကလည်း အရပ်မျက်နှာအသီးသီး မှပင် ဖြစ်ပြီး လူအင်အားကလည်း ၁၀၀ ကျော် ရှိနေ လေသည်။

ထိုလူများမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩတကြီးဖြင့် ရပ်တန့်လိုက်ကြသည်။

၎င်းတို့၏ အစီအစဉ်မှာ ကျရှုံးသွားပြီး ပစ်မှတ်ကို လည်း မတွေ့ရတော့ချေ။

သို့သော် မည်သို့မည်ပုံ ဖြစ်ပျက်သွားသည်ကိုမူ သူ တို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ထိုအချိန်မှာပင် ကောင်းကင်ထက်မှ မိုးကြိုးပစ်ချ လိုက်သည့် အသံအလား ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး လူတစ်ဦး ရောက်ရှိလာသည်။

ထိုလူမှာ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်း မောင်းနှင့်ဖြစ်ပြီး မျက်နှာပေါ်တွင်လည်း ရွှေရောင် မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသည်။

“ခေါင်းဆောင် . . .”

အခြားလူများက ထိုလူအား ဦးညွတ်အရိုအသေပြု လိုက်ကြသည်။

ရွှေရောင်မျက်နှာဖုံးနှင့် လူမှာ အလောင်းများအား ကြည့်ရင်း -

“ဒီအစီစဉ်ကို ဖျက်မယ် . . .”

“ငါတို့ မွေးထားတဲ့ ရှောင်ဧကရာဇ် အတုတွေ အား လုံးကိုလည်း သတ်လိုက်ကြ၊ ချက်ချင်းလုပ်နော် . . .”

“ငါတို့တွေ ကျွင့်ယင်းလျန်ကိုရဖို့ အစီစဉ်သစ် တစ် ခု လိုတယ်၊ အခု လုပ်ကြ . . .”

“ဘာကြောင့်လဲ . . .”

လူတစ်ဦးမှ ရေရွတ်လိုက်သည်။

၎င်းတို့အဖို့ ယခုကဲ့သို့ ဖြစ်မြောက်လာအောင်ပင် စနစ်တကျဖြင့် အစီအစဉ်ဆွဲခဲ့ရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now