Chapter (910)"အနီရောင်နှင့် အဖြူရောင် တိမ်တိုက်များ"

165 19 0
                                    

Chapter (910)(စာစဉ် ၆၅- အပိုင်း ၁၄)

“အနီရောင်နှင့် အဖြူရောင် တိမ်တိုက်များ”

ရဲရှောင်က အားဟူကို လှမ်းကြည့်နေသည်။

အားဟူ၏ သူ့ကိုယ်သူ အလွန်အစွမ်းထက်သည့် ပုံမျိုးဖြင့် ရှိနေသည်။

ရဲရှောင်လည်း လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အားဟူ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

ထို့နောက် ဘယ်ပြန်ညာပြန် ဝေ့ယမ်းပြီးနောက် အပြင်ဘက်သို့ လွှင့်ပစ်ရန် ဟန်ပြင်လိုက်သည်။

အောက်သို့ ကျသည့်အရှိန်က မည်မျှကြောက်ဖို့ ကောင်းကြောင်း အားဟူ သိနေသည်။
သူ့အဖို့ ထိုခံစားချက်ကို ထပ်မံ မခံစားလို။

သို့သော် သခင်၏ အပြုအမူကြောင့် တစ်ကိုယ်လုံး ရှိ အမွှေးများပင် ထောင်သွားပြီး တုန်ယင်သွားသည်။

ရဲရှောင်လည်း မကျေမချမ်းဖြင့် အားဟူကို သူ၏ အိပ်ကပ်ထဲသို့ ထည့်လိုက်ရင်း -

“အခုရော ကြွားချင်သေးလား ဟမ် . . .”

“မင်းကိုယ်မင်း ကြောင်ဆိုတာလည်း သတိရဦး၊ ဘာလို့ လူတွေလိုမျိုး မာန်တက်နေတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ . . .”

“ညောင် . . .”

“ညောင် . . .”

“ညောင် . . .”

အလွန်ချစ်စဖွယ် ကောင်းသော ကြောင်လေးမှာ ယခုအခါ သနားစဖွယ်ပင် ဖြစ်နေသည်။

ယခုမြင်ကွင်းကိုသာ မိန်းကလေးများ မြင်ပါက ရဲရှောင်ကို တိုက်ခိုက်ပြီး အားဟူကို ကယ်တင်ပေးကြ မည်မှာ အသေအချာပင်။

သို့သော် ယခုအခါ ဂူအတွင်း၌ လူဆို၍ တစ်ဦးပင် ရှိနေသည် မဟုတ်ပါလား။

ခဏအကြာတွင် ရဲရှောင်လည်း လှိုဏ်ဂူအတွင်းမှ ထွက်လာပြီး အောက်သို့ ထပ်မံဆင်းလိုက်တော့သည်။
. . .

အတန်ကြာပြီးနောက် ရဲရှောင် ရုတ်တရက် ရပ်ပြီး တွေးလိုက်မိသည်။

(ငါအောက်ကို ဆင်းလာတာ ၈နာရီနီးပါးလောက် ရှိသွားပြီ . . .)

(ငါတို့ ရပ်ခဲ့တဲ့ နေရာကို ရောက်လုနီးပါးတောင် ဖြစ်နေပြီပဲ . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားDonde viven las historias. Descúbrelo ahora