1109---1110

131 16 1
                                    

အခန်း (၁၁၀၉)(စာစဉ် ၈၀ အပိုင်း ၃)

“ဘယ်လိုရည်ရွယ်ချက်ကြောင့်လဲ”

ကျွင့်ယင်းလျန် စိတ်ထဲ စဉ်းစားမိလိုက်သည်မှာ -

(သူ ဒီလိုလုပ်တာဆိုတာ ဖြစ်နိုင်ခြေနှစ်ခုပဲ ရှိတယ် ပထမတစ်ခုက ငါ့ကိုသူ့ရဲ့ မိတ်ဆွေကောင်းတစ်ဦးလို ယူဆတဲ့အတွက် သူ့ရဲ့မျက်နှာကို မဖုံးအုပ်ထားတာပဲ၊ ပိုင်ရှင်းယွဲ့နဲ့ ငါနဲ့လို ဆက်ဆံရေးပေါ့ အဲဒါမှမဟုတ်ရင် ငါ့ကို သူက ရှေ့ဆက်မသွားစေချင်လို့လား၊ ငါ့ကိုပဲ ဒီ နေရာမှာ သေစေချင်လို့လား၊ လျှို့ဝှက်ချက်တွေအား လုံးကို သေဆုံးခြင်းနဲ့ပဲ အဆုံးသတ်ဖို့လား . . .)

(သေရတော့မယ့် လူတစ်ယောက်ကို သူ့ရဲ့မျက်နှာ အစစ်အမှန်ပြလည်း ဘာမှမထူးတော့ဘူးမလား . . .)

ထိုအချက်ကို စဉ်းစားမိသောအခါ ကျွင့်ယင်းလျန် သတိအနေအထားပင် ဖြစ်သွားသည်။

ထို့နောက် သူမ၏ စိတ်စွမ်းအင်များကို စတင်၍ လည်ပတ် စီးဆင်းစေကာ ခက်ခဲသော တိုက်ပွဲကို တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်မိသည်။

သူမအဖို့ ရွှမ်ပိုင်နှင့် တစ်ခါမှ မဆုံဖူး မရင်းနှီးဖူး၍ သူမ စဉ်းစားမိသည့် ပထမအချက်က မဖြစ်နိုင်၊ ဒုတိယ အချက်သာလျှင် ဖြစ်နိုင်သည်။

(သူက ငါ့ကို သတ်ချင်နေတာပဲ ဒါပေမယ့် သူက ဘာလို့ ငါ့ကို သတ်ချင်နေရတာလဲ . . .)

သို့သော် သူမအနေဖြင့် အများကြီး စဉ်းစားနေရန် အချိန်မရှိတော့ပြီ။

ရွှမ်ပိုင်က သူမရှေ့၌ ပေါ်လာခဲ့ပြီ မဟုတ်ပါလား။

ထို့ပြင် ရွှမ်ပိုင်လို လူမျိုး၏ လက်မှ လွတ်မြောက် အောင် ထွက်ပြေးရန်မှာ မဖြစ်နိုင်၊ ခက်ခဲလှသည်။

ထို့ကြောင့် ကျွင့်ယင်းလျန်လည်း အသက်ကို ပြင်း ပြင်းရှူလိုက်ပြီး -

“သခင်မရွှမ်ပိုင် ကျွန်မရဲ့လမ်းကို ဘာလို့ ပိတ်ချင် ရတာလဲ ကျွန်မက ကျွင့်ယင်းလျန်ပါ . . .”

ကျွင့်ယင်းလျန်မှာ ရွှမ်ပိုင်ထက် သူမက အားနည်း သည်ကိုသိသည့်တိုင် စိတ်ကို တင်းထားလျက်ရှိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now