1121----1122

199 14 1
                                    

အခန်း (၁၁၂၁)(စာစဉ် ၈၁- အပိုင်း ၁)

“ဖြေရှင်းချက် တောင်းခြင်း”

မိန်းကလေးနှစ်ဦးမှာ ရဲရှောင်၏ ရင်ခွင်အတွင်း၌ ငိုကြွေးလျက် ရှိသည်။

ထို့ကြောင့် ရဲရှောင်၏ အဝတ်အစားများမှာလည်း အားလုံး စိုရွှဲကုန်ပြီ ဖြစ်သည်။

သုံးဦးသား ထိုသို့တင်းကြပ်စွာ ဖက်နေကြသည်မှာ ယခင်နေ့ရက်များထံသို့ ပြန်ရောက်သွားသလိုပါပင်။

ရဲရှောင်မှာ သူတောင်းစားလေး ဖြစ်ခဲ့ပြီး ညီမနှစ် ယောက်မှာ ဒုက္ခိတ မသန်စွမ်းများ ဖြစ်ခဲ့ကြရသည်။

ရဲရှောင် ခိုးဆိုးလုနှိုက်၍ ရိုက်နှက်ခံခဲ့ရသည့်အခါ တိုင်း မိန်းကလေးနှစ်ဦးမှာ မျက်လုံးများ ပေါက်ထွက် မတတ် ငိုကြွေးခဲ့ကြရသည်။

အစ်ကိုနှင့် ညီမများကြားက သံယောဇဉ်က မည်မျှ ထိ ခိုင်မြဲခဲ့ပါသနည်း။

ခဏအကြာတွင် မိန်းကလေးနှစ်ဦး၏ မျက်ရည် ပင်လယ်ကြီး ကုန်ခမ်းသွားသည်ထင်၊ ငိုကြွေးမှုမပြု တော့ဘဲ ရပ်တန့်လိုက်ကြသည်။

ရင်ထဲရှိ ခံစားချက်များမှာမူ မကုန်ဆုံးသေး၍ မျက်ရည် မကျတော့သော်လည်း တရှုံ့ရှုံ့ဖြင့် ရှိုက်နေ လျက် ရှိနေတုန်းပါပင်။

သို့သော် ထိုနေရာတစ်ဝိုက်ကို သူမတို့၏ မူလတာ အို အဆင့်ကိုး အစွမ်းဖြင့် ပိတ်ဆို့ထား၍ အပြင်ဘက်ရှိ လူများကမူ သူမတို့၏ အသံများကို ကြားနိုင်ကြမည် မဟုတ်ပေ။

ထိုသို့သာမဟုတ်ပါက ရဲမျိုးနွယ်တစ်ခုလုံး သူမတို့ ၏ ငိုကြွေးသံကြောင့် အံ့ဩတုန်လှုပ် သွားကြမည်မှာ သေချာလှသည်။

တကယ်တမ်းတွင် သူမတို့၏ အားနည်းသည့် ပုံစံ ကို အခြားလူများ မြင်တွေ့သွားမည်ကို မစိုးရိမ်သည့် တိုင် မသင့်လျော်သည့် အတွေးမျိုး တွေးကြမည်ကိုမူ မလိုလားကြပေ။

ထို့ကြောင့် စွမ်းအင်များဖြင့် ကာရံထားခြင်း ဖြစ် သည်။

ရေခဲတမျှ အေးစက်သည့် မိန်းကလေးများ ငိုကြွေး နေသည်က ရှက်စရာကောင်းလွန်းလှသည် မဟုတ်ပါ လား။

You've reached the end of published parts.

⏰ Last updated: Aug 19, 2023 ⏰

Add this story to your Library to get notified about new parts!

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now