853--854

334 27 0
                                    

Chapter (853)(စာစဉ် ၆၁- အပိုင်း၁၁)

“မြေအောက်တိုက်ပွဲ”

(လေ့ကျင့်မှု လုပ်နေတဲ့ အတွင်းမှာ ကျင့်ကြံမှု လုပ်ဖို့ အချိန် မရှိဘူး . . .)

(လေ့ကျင့်မှု လုပ်ရတဲ့ ဘယ်သူမဆို ကြောက်စရာ ကောင်းတဲ့ လေ့ကျင့်မှုတွေကို လုပ်ရတယ် . . .)

(ဒီလေ့ကျင့်မှုက ဂိုဏ်းသားတွေ လေ့ကျင့်မှု အခြေခံကို ခိုင်မာစေဖို့ အတွက်ပဲ . . .)

(ပုံမှန်အားဖြင့် ဂိုဏ်းသားတွေက ခက်ခဲတဲ့ စိန်ခေါ်မှု တွေကို တစ်ခုပြီး တစ်ခု လုပ်နေရလို့ သူတို့ရဲ့ စွမ်းအင်တွေ ကုန်ဆုံးကြရတယ် . . .)

(အဲဒါကြောင့်ပဲ ကျင့်ကြံမှုပိုင်းမှာ နည်းနည်း အားနည်း သွားတတ်ကြတယ်။ ဒါပေမယ့် ရဲခွန်ရှောင်ကတော့ အား မနည်းသွားတဲ့အပြင် အဆင့်နှစ်ဆင့်တောင် တက်သွား တယ်တဲ့လား။ ဒါကြီးက ထူးဆန်းလွန်း မနေဘူးလား . . .)

(အင်း ဒါပေမယ့်လည်း သူက ရွှေအမြုတေနဂါးငါးရဲ့ အမြုတေကို စားခဲ့တာဆိုတော့ ကျင့်ကြံမှုက အလိုလို တိုးတက်နေတာပဲ ဖြစ်မယ် . . .)

(ဒီလိုဆိုရင်တော့ ကျိုးကြောင်းဆီလျော်ပါတယ်လေ)

(မြေအောက်ပြိုင်ပွဲတွေမှာ ဂိုဏ်းသား အသစ်တွေ ရိုက်နှက်ခံရတယ်ဆိုတာ သူတို့တွေ မာန်မာန မရှိစေဖို့ အတွက်ပဲ။ အဲဒီ ရည်ရွယ်ချက်ကြောင့်ပဲ မြေအောက်ပြိုင်ပွဲ ကို လုပ်ပေးတာ . . .)

(ဒါပေမယ့် မမျှော်လင့်ဘဲ ရဲခွန်ရှောင်က အဆင့်တူတွေ အားလုံးကို အလဲထိုးနိုင်ခဲ့တယ်။ တိုက်နေရင်းနဲ့တောင်မှ အဆင့်တစ်ဆင့် တက်သွားခဲ့သေးတယ် . . .)

(ဒါကမတော်တဆ အဆင့်တက်မှု တစ်ခုလား။ အဓိပ္ပာယ် မရှိလိုက်တာ . . .)

(စွမ်းအင် လည်ပတ်စီးဆင်းမှုကြောင့် အဆင့်တက်တာ ဖြစ်မယ်ဆိုရင်တောင် သူက ဘာလို့ အဆင့်တက်တဲ့ အချိန်မှာ ပိုပြီး အစွမ်းထက်သွားရတာလဲ . . .)

(သူက အခုဆိုရင် အဆင့်ရှစ် ဂိုဏ်းသားတွေကိုတောင် မှ အနိုင်ယူနိုင်သွားပြီ။ သူက အဆင့်ခုနှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဒါကဘယ်လိုဖြစ်ရတာပါလိမ့် . . .)

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now