အခန်း (၉၈၇)"ဆောင်မျိုးနွယ်စု၏ ပိုင်နက်"

143 12 0
                                    

အခန်း (၉၈၇)(စာစဉ် ၇၁- အပိုင်း ၇)

“ဆောင်မျိုးနွယ်စု၏ ပိုင်နက်”

ရွှမ်ပိုင်မှ -

“အဲဒါကြောင့် ကျွန်မက ဒီနေရာအကြောင်းကို ကောင်းကောင်း သိနေတာပေါ့ . . .”

“ဒီမှာ ရဲမြို့တော် ရှိတယ်ဆိုတာကိုလည်း သိတယ် နောက်ပြီး ဒီက ဆေးပစ္စည်းတွေက တန်ဖိုးကြီးတာကို လည်း သိတော့ ဟန်ပိုင်ယွဲ့ လျှောက်ပြောနေမှန်းသိသိ ကြီးနဲ့ ကျွန်မ ယုံပေးခဲ့တာပေါ့ . . .”

ရွှမ်ပိုင်မှ ဟန်ပိုင်ယွဲ့အား လှမ်းကြည့်၍ ခနဲ့တဲ့တဲ့ ဖြင့် ပြောလိုက်သည်။

“သူကံကောင်းသွားတယ် သူ လုပ်ကြံပြောနေမှန်း ကျွန်မ သိတာပေါ့ ဒါပေမယ့် သူလုပ်ကြံပြောခဲ့တဲ့အရာ က အမှန်တရား ဖြစ်နေတယ်လေ . . .”

ထိုစဉ် ဟန်ပိုင်ယွဲ့မှာ ရဲရှောင်တို့နှင့် ခပ်လှမ်းလှမ်း တွင် ရှိနေခြင်း ဖြစ်သည်။

ရွှမ်ပိုင်မှ သူ့ကို ညွှန်ပြရင်း ပြောနေသည်ကို တွေ့ သောအခါ သူ့အား ချီးကျူးနေသည်ဟုသာ ထင်မှတ်မိ လိုက်သည်။

ထို့ကြောင့် စိတ်ထဲ အလွန် မြောက်သွားခဲ့သည်။

နာကျင်မှု ဝေဒနာများကို ခံစားနေရသည့်တိုင် သူ့ ကိုယ်သူ ကြည့်ကောင်းသည်ဟု ထင်ရသည့် အပြုံးမျိုး ဖြင့် ကြိုးစား၍ ပြုံးပြလိုက်သည်။

လက်နှစ်ဖက်အား နောက်ပစ်၍ ဟိတ်ဟန်အပြည့် ဖြင့်လည်း ရှိနေသည်။

ရဲရှောင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ရယ် ချင်သွားမိသည်။

ဟန်ပိုင်ယွဲ့မှာ အခြေနေများကို ဂဃနဏမသိဘဲ စိတ်ကြီးဝင်နေသည် မဟုတ်ပါလား။

“အဲဒါကြောင့် နန်းတော်ကြီး သုံးခုက လူတွေက ဒီ နယ်မြေထဲကို ထဲထဲဝင်ဝင် မလာခဲ့ကြတာ . . .”

“ဒီနယ်မြေက လူတွေကလည်း ကျင့်ကြံမှုမှာသာ အားနည်းတာ ပါရမီရှိတဲ့ နေရာမှာတော့ ရှိကြတယ်”

“နောက်ပြီး ဒီဒေသက လူတွေက သတ္တိတော့ ကောင်းကြတယ် . . .”

“ရယ်စရာကောင်းတဲ့ အချက်က တစ်ချို့ဆိုရင် မိန်းကလေးတွေကို ကောင်းကောင်း ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိ ကြတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now