အခန်း (၉၉၃)"ဖယ်ကျဉ်ခြင်း"

125 12 0
                                    

အခန်း (၉၉၃)(စာစဉ် ၇၁- အပိုင်း ၁၃)

“ဖယ်ကျဉ်ခြင်း”

“ကျုပ်တို့ ဘယ်လိုလုပ်သင့်သလဲ ခေါင်းဆောင်”

လူတစ်ဦးမှ မေးလိုက်သည်။

“ငါတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အချိန်ဖြုန်း မနေဖို့ပဲ . . .”

“အဲဒါကြောင့် ငါတို့ လူတွေကို ဆေးပစ္စည်းတွေ မြန်မြန် စုဆောင်းခိုင်း . . .”

“ဒီအခြေအနေမျိုး ဒီနှစ်ကုန်တဲ့အထိ ဖြစ်နေမယ် ဆိုရင် ငါတို့တွေရဲ့ မျှော်လင့်ချက်တွေ ပျောက်ကွယ် သွားလိမ့်မယ် . . .”

ဆောင်ဝုရန်မှ သက်ပြင်းချရင်း ပြောလိုက်သည်။

“အခုက နွေရာသီ ကုန်တော့မယ် . . .”

“တောင်တန်းတွေပေါ်ကို နှင်းတွေ  ကျမလာခင် အနည်းဆုံးတော့ မှင်ရောင်အားဖြည့် ကြာပန်း တစ် ပွင့်လောက်ကိုတော့ ရအောင် ရှာမှ ဖြစ်လိမ့်မယ် . . .”

“ဒီလိုမှ မဟုတ်ရင်လည်း ကောင်းကင်ရနံ့ပန်း တစ်ပွင့်လောက် ဖြစ်ဖြစ်ပေါ့ . . .”

“အဲဒါတွေကို တွေ့အောင် မရှာနိုင်ဘူးဆိုရင် ငါတို့ လည်း အခြေအနေကောင်းမှာ မဟုတ်ဘူး . . .”

“ခေါင်းဆောင် . . .”

“ကျုပ်တို့တွေ ဆောင်ဂျူကိုလည်း ဆေးပစ္စည်း ရှာ ခိုင်းဖို့ လွှတ်လိုက်ရင် ဘယ်လိုလဲ . . .”

ထိုသို့ ပြောလိုက်သူမှာ သက်လတ်ပိုင်းအရွယ် လူ ပင် ဖြစ်သည်။

ထိုလူမှာ မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သူ၏ စိတ်ကို စမ်းသပ်လိုက်ခြင်းပါပင်။

ထို့နောက် အဓိပ္ပာယ်ပါသည့် အကြည့်များဖြင့် လည်း ခေါင်းဆောင်ကို ကြည့်နေလျက် ရှိသည်။

“ဆောင်ဂျူလား . . .”

ဆောင်ဝုရန်မှ မျက်မှောင်ကြုတ်ရင်း သက်ပြင်းချ လိုက်သည်။

ထို့နောက် ခေါင်းခါယမ်းလိုက်ပြန်ရင်း -

“ထားလိုက်ပါတော့ . . .”

“သူ့လိုလူကို ဘယ်သူက အမိန့်ပေးနိုင်မှာလဲ”

“ငါတို့ မျိုးနွယ်စုထဲမှာ ပြဿနာ မရှာတာကိုပဲ ငါ က ကျေးဇူးတင်နေပြီ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now