1091----1092

140 15 2
                                    

အခန်း (၁၀၉၁)(စာစဉ် ၇၈- အပိုင်း ၁၃)

“ခေါင်းဆောင် ရွေးချယ်ခြင်း”

လူတိုင်းမှာ ရဲရှုဇန်ပြောသည့် စကားများကို ငြိမ် သက်စွာဖြင့် နားထောင်နေတုန်းပါပင်။

ထိုစကားလုံးများက သူတို့ကိုယ်တိုင်လည်း ပြော ချင်နေခဲ့သည့် စကားများပင် မဟုတ်ပါလား။

ယခုအခါ ရဲရှုဇန်မှ သူတို့အစား ထုတ်ဖော်ပြောပြ လိုက်သလို ဖြစ်သွားခဲ့သည်။

နောက်ဆုံးတွင် တိတ်ဆိတ်နေသည့် အခန်းထဲ၌ ရဲရှုဇန်၏ ပင့်သက်ရှိုက်သံ တိုးတိုးလေး ထွက်ပေါ်လာ လေသည်။

ထိုစဉ် ရဲရှုချင်က စိတ်ထိခိုက်နေသည့် ဟန်မျိုးဖြင့် သက်ပြင်းချလိုက်ရင်း -

“ဒါဆိုရင် ငါမှားခဲ့တာပေါ့ . . .”

“ငါလက်လျှော့ဖို့ ဆုံးဖြတ်လိုက်ကတည်းက မှားခဲ့ တာပေါ့၊ ငါမင်းတို့ကို နာကျင်စေခဲ့သလို ငါ့ကိုယ်တိုင် ကိုလည်း နာကျင်စေခဲ့တယ် . . .”

“မင်းတို့ကို ခံစားရအောင် လုပ်ခဲ့သလို ငါ့ကိုယ်ငါ လည်း ခံစားအောင် လုပ်ခဲ့မိတယ်၊ ဒီနေ့ ငါတို့ဆုံးရှုံးခဲ့ ရတဲ့ အုပ်စု ၃ စုကလည်း ငါ့ကြောင့်ပဲ ဆုံးရှုံးခဲ့ရတာ”

“ဒါပေမယ့် ပြန်စတင်ဖို့ဆိုတာ နောက်မကျသေးပါ ဘူး အဖေ . . .”

ရဲနန်ရှန်က အဖေဖြစ်သူအားကြည့်ရင်း ပြောလိုက် သည်။

“ပျက်စီးခြင်းဆိုတဲ့အရာမရှိရင် တည်ဆောက်ခြင်း ဆိုတဲ့အရာကလည်း ရှိနိုင်မှာ မဟုတ်ဘူးလေ . . .”

“ရှောင်ရှောင်ရဲ့ လုပ်ရပ်က သွေးအေးပြီးရက်စက် တယ်ဆိုပေမယ့် ကျွန်တော်တို့ကို တစ်သွေးတည်းတစ် သားတည်း ဖြစ်သွားအောင် လုပ်ပေးလိုက်သလိုပဲ”

“ရဲမျိုးနွယ်က အခုဆိုရင် လုံးဝကို သန့်စင်သွားပြီ၊ နောက်ပြီး ရဲမျိုးနွယ်က လူတိုင်းက ကျွန်တော်တို့ရဲ့ လူတွေ ဖြစ်ကုန်ကြပြီ၊ ကျွန်တော်တို့တွေ အချင်းချင်း ကြားမှာ မလိုမုန်းထားတဲ့စိတ်တွေလည်း မရှိကြတော့ ဘူး . . .”

“အဲဒီလို တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားကြမှ တော့ ပြန်လည်တည်ဆောက်ရတာ လွယ်မှာပါ၊ ကျွန် တော်တို့ မျိုးနွယ်ကိုလည်း ပြန်ပြီး မြင့်တက်အောင် လုပ်ကြမယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now