1053---1054

134 13 1
                                    

အခန်း (၁၀၅၃)(စာစဉ် ၇၆- အပိုင်း ၃)

“အလွန်ကံဆိုးသော ဂျိမို”

ခရမ်းရောင် ချီဓာတ်များ လွှမ်းမိုးမှုအောက်၌ ရဲရှောင် မျက်နှာပေါ်ရှိ သွေးထွက်ဒဏ်ရာများမှာ ပျောက်ကွယ်သွားလေသည်။

ထိုမျှမက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျန်ဒဏ်ရာများ အားလုံးပင် ချက်ချင်း ပျောက်ကွယ်သွားရသည်။

စင်စစ် ခေါင်းစ ခြေအဆုံး ဖြစ်ပေါ်ခဲ့သည့် သေစေ နိုင်သော ဒဏ်ရာများအားလုံး ပျောက်ကွယ်သွားခြင်း ပင် ဖြစ်၏။

လက်ရှိတွင် ရဲရှောင်အဖို့ ဒဏ်ရာများ ကင်းစင်ကာ ဘာမှ မဖြစ်ခဲ့သလိုသာ ရှိနေလေသည်။

သို့သော် ပုံရိပ်ယောင် အစီရင်ထဲကမူ ရုန်းမထွက် နိုင်သေး၊ ရှိနေသေးတုန်းပါပင်။

ထိုသို့ ဖြစ်နေတုန်း ဆိုသော်ငြား အခြေအနေများ မှာမူ မတူတော့ချေ။

ယခု ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် စိန်‌ ခေါ်မှုကို ကျော်ဖြတ်နိုင်တော့မည့် သဘောပင်။

ထိုစဉ်က အဆုံးမရှိသည့် ခရမ်းရောင် ချီဓာတ်များ သူ၏ ခန္ဓာကိုယ်အတွင်း အများအပြားစီးဝင်ခဲ့သည်။

သို့သော် သူ့အဖို့ အားနည်းလွန်းနေ၍ အချိန်မရွေး ပေါက်ကွဲထွက်ကာ သေဆုံးသွားနိုင်သည့် အခြေအနေ မျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် ခန္ဓာကိုယ်က ဆိုးဆိုးရွားရွားကို ဖြစ်ခဲ့ရ ပြီး သေဆုံးရတော့မည့် အခြေအနေမျိုးလည်း ဖြစ်ခဲ့ရ သည်။

သို့သော် သူ၏ ရှေးဦး ခရမ်းရောင် ချီဓာတ်များက ကမ္ဘာပေါ်ရှိ ခရမ်းရောင် ချီဓာတ်များ၏ အခြေခံအကျ ဆုံးသော စွမ်းအင်တစ်မျိုးပင် မဟုတ်ပါလား။

ထိုအချက်ကြောင့် များပြားလှသည့် ခရမ်းရောင် ချီဓာတ်များကို ထိန်းချုပ်နိုင်ခြင်း မရှိသည့်တိုင် သူ၏ ယိုယွင်းနေသော ခန္ဓာကိုယ်ကိုမူ အလိုလို ကုစားပေး သွားခဲ့သည်။

ထိုအချင်းအရာများ အားလုံးက ပုံရိပ်ယောင် အစီ ရင်အတွင်း သူပိတ်မိနေချိန် ဖြစ်ပေါ်သွားခြင်းသာ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now