Chapter (897)"အနက်ရောင် မြင်းတပ် အတွင်းဝယ်"

170 17 0
                                    

Chapter (897)(စာစဉ် ၆၅- အပိုင်း ၁)

“အနက်ရောင် မြင်းတပ် အတွင်းဝယ်”

ဂိုဏ်းကြီး သုံးခုနှင့် တိုက်ရင်း လိဝူလျန် သေဆုံး သွားပြီ။

ထိုသတင်းက အနက်ရောင် မဟာမိတ်မြင်းတပ်ကို ဒေါသယမ်းပုံ ကျစေခဲ့သည်။

ထို့ကြောင့် လူများစွာကို စေလွှတ်ပြီး ၂လအတွင်း ဂိုဏ်းသုံးခု၏ ဂိုဏ်းခွဲများစွာကို ဖျက်ဆီးခဲ့သည်။

၎င်းတို့၏ လုပ်ရပ်က ဂိုဏ်းသုံးခု၏ အင်အားကို အထိနာစေခဲ့သည်ဟု ဆိုရမည်။

ရဲရှောင်နှင့် တိုက်ခိုက်ချိန်တွင် ထိုဂိုဏ်းခွဲများထံမှ အထောက်အပံ့များ ပြတ်တောက်ခဲ့ရသည် မဟုတ်ပါ လား။

သို့သော် ရှန်ဂွမ်ဇုဖန်မှာမူ ဂိုဏ်းသုံးခု၏ အဓိက အင်အားစုနှင့် ရင်ဆိုင်ခဲ့စဉ် အပြင်းအထန်ပင် ဒဏ်ရာ ရခဲ့သည်။

သူ၏ အောက်ပိုင်းတစ်ခုလုံး သေသွားခြင်းပင်။

ထို့ကြောင့် သူ့အဖို့ ထပ်မံ တိုက်ခိုက်ချင်သေးသော် လည်း လက်လျှော့ခဲ့ရသည်။

အနက်ရောင် မြင်းတပ်အနေဖြင့်လည်း ၎င်းတို့ ခေါင်းဆောင်၏ အခြေအနေကြောင့် လက်စားချေခြင်း ကိစ္စကို ရပ်တန့်ခဲ့ရသည်။

ပုံမှန်အရ ထိုသို့ ခေါင်းဆောင်က ဒုက္ခတိဖြစ်သွား လျှင် အဖွဲ့အတွင်း မငြိမ်သက်မှုနှင့်အတူ အာဏာလုမှု များက ဖြစ်လာနိုင်သည်။

သို့သော် အနက်ရောင် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ် များကမူ လေးစားဖို့ ကောင်းလွန်းခဲ့သည်။

နေရာကို သူတို့ စိတ်မဝင်စား။

အာဏာကိုလည်း သူတို့ စိတ်မဝင်စား။

၎င်းတို့ ခေါင်းဆောင်၏ ခြေရင်းတွင်သာ ဝပ်တွား မြဲ၊ ခစားမြဲပါပင်။

မည်မျှ သစ္စာစောင့်သိသော လူများပါနည်း။

ထို့ကြောင့် ရှန်ဂွမ်ဇုဖန်က ဒုက္ခိတ ဖြစ်သွားသည့် တိုင် သူ၏ ဩဇာအာဏာကမူ ကြီးထွားနေစမြဲပင်။

သို့သော် အဖွဲ့ကို အကောင်းဆုံး ဦးဆောင်နိုင်မည့် လူကိုမူ မရှိမဖြစ် လိုအပ်သည် မဟုတ်ပါလား။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now