စစ်မရောက်ခင် မြားကုန်၊ မတိုက်ခင်ကတည်းက ကြောက်ရွံ့သည့်ပုံ ပြနေမည်ဆိုပါက နှစ်ခါသေလိုပင် ဖြစ်ရမည် မဟုတ်ပါလား။
ရွှမ်ပိုင်ကို သူမ ကြည့်လိုက်ချိန် ရွှမ်ပိုင်ကလည်း သူမအား ပြန်၍ ငေးစိုက်ကြည့်နေသည်ကို တွေ့လိုက် ရသည်။
မိန်းကလေး နှစ်ဦးမှာ ယခုမှ ပထမဦးဆုံးအကြိမ် တွေ့ဖူးကြခြင်း ဖြစ်သည်။
သို့သော် တစ်ဦးမျက်နှာ တစ်ဦးတွေ့ချိန် စိတ်ထဲ၌ ယခုကဲ့သို့ပင် အပြန်အလှန် တွေးမိလိုက်ကြသည်။
(ကမ္ဘာပေါ်မှာ ဒီလိုမျိုးလှတဲ့ မိန်းကလေး တကယ် ကို ရှိနေတာပါလား၊ မြင်မြင်ချင်းကိုပဲ သဘောကျစရာ ကောင်းလိုက်တာ၊ ယောက်ျားသားတိုင်း ဒီအလှကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး . . .)
“ကျွန်မမှာ ဘာအကြောင်းအရင်းမှ မရှိပါဘူး . . .”
ရွှမ်ပိုင်မှ ပြုံးလျက်ပင် ပြောလိုက်သည်။
ထိုအပြုံးက နွေးထွေးမှုများ အပြည့်ပါဝင်လျက် ရှိ သည်။
ကျွင့်ယင်းလျန် အံ့ဩသွားပြီး ရွှမ်ပိုင်၏ မျက်လုံး များကို စူးစိုက်ကြည့်ချိန် ရန်လိုသည့် အရိပ်အယောင် များ မရှိနေသည်ကိုလည်း တွေ့လိုက်ရသည်။
ထို့ကြောင့် ကျွင့်ယင်းလျန် စိတ်ထဲ တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားမိလိုက်သည်။
(ဒါကမိန်းကလေး ရွှမ်ပိုင်ရော ဟုတ်ရဲ့လား၊ ငါ့ အပေါ် ဒီလောက်ထိ ကောင်းဖို့လိုအပ်လို့လား၊ သူက ကမ္ဘာကြီးမှာ အပေါ်စီးက နေနိုင်တဲ့ လူတစ်ယောက် လေ၊ ဒီလိုမျိုး လုပ်ဖို့ လိုအပ်လို့လား . . .)
(သူက လူတိုင်းကို အထင်သေးတဲ့ အကြည့်မျိုးနဲ့ ကြည့်နိုင်တဲ့ လူတစ်ယောက်၊ နောက်ပြီး ထိပ်သီး ပညာရှင်တစ်ယောက် . . .)
“ကျွန်မကို မြင်ဖူးတဲ့ မိန်းမက အများကြီး မရှိဘူး၊ ဒါပေမယ့် ကျွန်မ ရှင့်အကြောင်းကို ကြားဖူးနေတာ ကြာပါပြီ၊ ကံကောင်းမှုကြောင့် ကျွန်မတို့ ဒီနေရာမှာ တွေ့ဆုံကြရပြီပေါ့၊ အဲဒီတော့ ကျွန်မတို့တွေ မိတ်ဆွေ ဖွဲ့ကြရင် မကောင်းဘူးလား၊ မိတ်ဆွေမရှိတဲ့ ဘဝကြီး က သိပ်ကို ပျင်းဖို့ကောင်းတယ် . . .”