ထိုသို့ အစီစဉ် ဆွဲရသည်မှာလည်း လွယ်ကူသော အရာတော့ မဟုတ်ပေ။

အတုလုပ်နိုင်ရန်အတွက် အချိန်များစွာ ပေးဆပ်ခဲ့ ရသလို အသေးစိတ် အချက်အလက်ပေါင်းများစွာကို လည်း ရှာဖွေစုဆောင်းခဲ့ရသည်။

ဟန်ဆောင်မည့် လူ၏ ကျင့်စဉ်ကိုများ သိရှိနိုင်ရန် မှာလည်း ၎င်းတို့အတွက် ကြီးမားလှသော စိန်ခေါ်မှု ကြီးတစ်ခု ဖြစ်ခဲ့ရသည်။

ရဲရှောင် အတုလုပ်မည့်လူမှာ ပုံစံအနေအထားနှင့် အပြုအမူကအစ တူရမည့်အပြင် ကျင့်ကြံမှုပိုင်းလည်း ကောင်းမွန်ရမည် ဖြစ်သည်။

ဒဏ်ရာ ရသွား၍ ကျင့်ကြံမှုအဆင့် နိမ့်ကျသွားရ သည်ဟု ဆင်ခြင်ပေးနိုင်သော်လည်း အနည်းဆုံးမူ ထို လူအဖို့ မူလတာအိုအဆင့် အထက်တော့ ရှိရပေမည်။

ချင်းရန်နယ်ပယ်၌ မူလတာအိုအဆင့် ရှိသည့် လူ တစ်ဦးအား ပြုစုပျိုးထောင်ရန်မှာ လွယ်ကူသော အရာ တစ်ခုတော့ မဟုတ်ချေ။

ရွှေရောင် မျက်နှာဖုံးဝတ် လူ၏ ပြောပုံအရဆိုလျှင် ကျွင့်ယင်းလျန်က သူတို့၏ အကြံအစည်ကို သိရှိသွား ခြင်းပင် ဖြစ်နိုင်သည်။

ထို့ကြောင့် ယခုအခါ ကျန်သော ရှောင်ဧကရာဇ် အတုများကို သတ်ဖြတ်ရတော့မည်ဖြစ်ပြီး အမိန့်ပေး သူ၏ နှုတ်ထွက်စကားက သွေးအေးလွန်းလှသည်။

အရာအားလုံးက အလဟဿ ဖြစ်ကုန်တော့မည် မဟုတ်ပါလား။

“ရှင်းပါတယ် . . .”

“ကျွင့်ယင်းလျန်က သူ့မျက်နှာကို တစစီ လုပ်သွား ခဲ့တယ် . . .”

ရွှေရောင် မျက်နှာဖုံးဝတ်နှင့်လူက ချုံပုတ်အတွင်း ပြန့်ကျဲနေသော အသားစများကို ကြည့်ရင်း ရှင်းပြ လိုက်သည်။

ကျန်လူများ အားလုံးမှာ နှုတ်ဆိတ်လျက်သာ ရှိနေ ကြသည်။

ထိုစဉ် ရွှေရောင်မျက်နှာဖုံးဝတ်နှင့်လူမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး -

“ကျွင့်ယင်းလျန်သာ ဒီထက်စောစော ထွက်မသွား ခဲ့ရင် သူမင်းတို့ကို တွေ့သွားမှာပဲ၊ အဲဒီလိုသာဆိုရင် မင်းတို့ အားလုံးကို သတ်ဖို့ သူ့အတွက်က လွယ်ကူ သွားမှာပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now