#translator
#ကြွေရွက်ဝါ


အခန်း (၁၀၆၈)(စာစဉ်၇၇- အပိုင်း ၄)

“ဟင်းလင်းပြင်၏ ပြောင်းလဲမှု”

“အနည်းဆုံးတော့ သူတို့ ဒီမှာ မရှိကြဘူးလေ . . .”
“ဟိုဘက်လူတွေကြောင့် ဒီဘက်က လူတွေကို နာ ကျင်အောင် လုပ်လို့ မဖြစ်ဘူး မဟုတ်လား . . .”
“ငါပြောဦးမယ် ဘာလို့များ အများကြီး စဉ်းစားနေ ရတာလဲ၊ ကိုယ့်မျက်စိရှေ့က ပြဿနာကိုပဲ အရင်ဆုံး ရင်ဆိုင်လိုက်စမ်းပါ . . .”
“မင်းမိဘအဟောင်းတွေနဲ့ အခုလက်ရှိ မိဘတွေ တွေ့တဲ့အခါကျမှ အဲဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစား လိုက်ပေါ့ မဟုတ်ဘူးလား . . .”
ဟန်ပိုင်ယွဲ့မှာ ပြောရင်းပြောရင်းဖြင့် သူ့ကိုယ်သူ အထင်ကြီးလာပုံပင်။
“ငါက တယ်တော်တဲ့ လူပါလား . . .”
“ဒီလို အတွေးအခေါ်မျိုးတွေကိုတောင် ရအောင် တွေးခေါ်နိုင်တယ်၊ ဒီလောက် ဉာဏ်အမျှော်အမြင်နဲ့ ပြည့်စုံတဲ့ ငါ့ကိုယ်ငါတောင် မနာလို ဖြစ်လာပြီ . . .”
ရဲရှောင် မကြည်ကြည့် ကြည့်လိုက်ရင်း သက်ပြင်း ချကာ -
“ဒီတစ်နည်းပဲ ရှိတော့တယ် ထင်တာပဲ . . .”
“ရှေ့ကို တစ်လှမ်းချင်းတိုးပြီး လက်ရှိ ပြဿနာကို ပဲ ရင်ဆိုင်ကြတာပေါ့ . . .”
ထို့နောက် နှစ်ယောက်လုံးမှာ နှုတ်ဆိတ်သွားကြ သည်။
ရဲရှောင်လည်း အသက်ပြင်းပြင်းသာ ရှူလိုက်ပြီး ထိုကိစ္စများကို ခေါင်းထဲမှ ထုတ်လိုက်သည်။
ထိုအစား သူ၏ စွမ်းအင်များကို လည်ပတ်စီးဆင်း စေပြီး ဟင်းလင်းပြင်အား စစ်ဆေးရန်သာ လုပ်လိုက် ပါတော့သည်။
၂ ရက်အတွင်း သူစစ်ဆေးရန် လုပ်လိုက်သည့်အခါ တိုင်း မအောင်မြင်ဘဲ အိပ်မောသာ ကျသွားခဲ့ရ၍ ယခု အခါသတိကြီးကြီး ထားနေရသည်။
ထို့ကြောင့် သူ၏ စိတ်စွမ်းအင် အနည်းငယ်ကိုသာ ထုတ်သုံးရန် ကြံရွယ်လိုက်၏။
အကယ်၍ သူ၏ စိတ်ဝိညာဉ်အပေါ် သက်ရောက် မှု ရှိလျှင်ပင် လုံးဝအိပ်မောကျသွားသည်အထိ မဖြစ် လောက်ဟုလည်း တွေးထင်လိုက်မိသည်။
ထိုထင်မြင်ယူဆချက်အတိုင်း သူ၏ လုပ်ရပ်မှာ အောင်မြင်သွားခဲ့လေသည်။
ပထမဆုံး သူမြင်လိုက်ရသည်မှာ အားဟူပင် ဖြစ် ၏။
အားဟူမှာ ခုန်ဆွခုန်ဆွဖြင့် မြူတူးခုန်ပေါက်လျက် ရှိသည်။
ထို့ပြင် ရင့်မှည့်နေသည့် အသီးများကိုလည်း စုပုံ ထားသည်မှာ တောင်ငယ်တစ်ခုလိုပင် ဖြစ်နေသည်။
အသိသာဆုံး အချက်မှာ ဟင်းလင်းပြင်ထဲ၌ ခရမ်း ရောင်အခိုးအငွေ့များ ရစ်သိုင်းနေခြင်းပါပင်။
၁ လတာအတွင်း အားဟူမှာ စတုတ္ထအလွှာကြီး၏ နေရာတိုင်းသို့ သွားခဲ့သည့် ပုံလည်း ပေါ်သည်။
ထပ်မံစိုက်ပျိုး၍ မရတော့သော ဆေးဖက်ဝင်သည့် ပစ္စည်းများစွာကို စုပုံထားသည်မှာ တောင်တစ်တောင် ကဲ့သို့ပင် ဖြစ်တည်နေချေပြီ။
ထို့ပြင် အားဟူက အသီးများမှ စွမ်းအင်များစွာကို စုပ်ယူပြီး ခရမ်းရောင်ချီဓာတ်များအဖြစ် ပြောင်းလဲပစ် ခဲ့ပြန်သည်။
အချို့သော ခရမ်းရောင် ချီဓာတ်များကို အားဟူက ကိုယ်တိုင် အသုံးပြုလျက်ရှိပြီး ကျန်သောချီဓာတ်များ ကိုမူ ဆေးလုံးများအဖြစ် ပြုလုပ်ခဲ့သည်။
အသီးများ များပြားလွန်း၍ အားဟူအဖို့ စွမ်းအင် များကို အကုန်အစင် မစုပ်ယူနိုင်သေးပေ။
အံ့ဩဖွယ်ကောင်းသည့် ရှေးဦးသားရဲ ဖြစ်သည့် တိုင် ၎င်းထံတွင်လည်း အကန့်အသတ် ရှိနေသည် မဟုတ်ပါလား။
ထိုအချိန် မြေပြင်ပေါ်၌ ထူးခြားအစွမ်းထက်ဆေး လုံးများစွာ ပြန့်ကျဲလျက်ရှိပြီး အကြမ်းဖျဉ်းအားဖြင့် အလုံး ၁၀၀၀၀ ခန့်ပင် ရှိနိုင်လေသည်။
ထိုဆေးလုံးများကို ကြည့်ရင်း ရဲရှောင်၏ မျက်လုံး များ ပြုတ်ထွက်မတတ် ပြူးကျယ်သွားမိသည်။
အားဟူ သူ့ထံသို့ ရောက်လာပြီကတည်းက ယခု လောက်ထိ အလုပ်ကြိုးစားသည်ကို မမြင်ဖူးခဲ့ပေ။
ထိုစဉ် အားဟူ၏ အမွှေးများကလည်း ခရမ်းရောင် ချီဓာတ်များ အကြား၌ သလင်းကျောက်ကဲ့သို့ လင်း လက်လျက် ရှိနေသည်ကိုလည်း တွေ့လိုက်ရသည်။
ထိုသို့ ဆေးပြုလုပ်ခဲ့သည့် အချိန်အတွင်း အားဟူ ကိုယ်တိုင်လည်း အကျိုးအမြတ်များ ရရှိခဲ့သည့်ပုံပင်။
ထို့ကြောင့် ယခုလောက်ထိ ကြိုးစားနေရခြင်းသာ ဖြစ်နိုင်သည်။
ရဲရှောင် ခန့်မှန်းသည်က မှန်ပေသည်။
အားဟူက အသီးများမှ စွမ်းအင်များကို ချေဖျက်၍ ထူးခြားအစွမ်းထက် ဆေးလုံးများစွာကို ပြုလုပ်ခဲ့၏။
ထိုသို့ပြုလုပ်ခြင်းက ၎င်းအတွက် လေ့ကျင့်မှု ပြု လုပ်ခြင်းနှင့်ပင် တူနေပါသေးသည်။
စင်စစ် အားဟူအတွက် ကျန်းမာစေသော လေ့ ကျင့်မှု တစ်ခုဟုပင် ဆိုရမည်။
ထို့ပြင် မြွေကြီးများကလည်း ယခင်နှင့်မတူ၊ ဆင့် ကဲ ပြောင်းလဲလာလေသည်။
မည်သို့ ပြောင်းလဲသွားသည်ဆိုလျှင် မြွေကြီးများ ၏ အကြေးခွံများက တလက်လက် တောက်ပလာကြ ပြီး ၎င်းတို့၏ ဘေး၌ မြွေအရေခွံ ၁၀၀ ကျော်လည်း ရှိနေလေသည်။
မြေကြီးများကမူ စုစုပေါင်းအားဖြင့် ၂၇ ကောင်ပင် ရှိ၍ မြွေအရေခွံများမှာ ၁၀၀ ကျော် ရှိနေခြင်း ဖြစ်၏။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မြွေကြီးများအဖို့ ယခုကဲ့သို့ အခြေအနေမျိုး ရောက်အောင် ၄ ကြိမ်ခန့် လောက်ထိ ဆင့်ကဲပြောင်းလဲခဲ့မှန်း သိသာလှသည်။
ထိုသို့ဆင့်ကဲ ပြောင်းလဲလာပြီးနောက် အရေခွံလဲ သွားသည့်အခါ ကျန်ရှိသည့် အရေခွံများမှာ အရွယ် အစား မတူညီတော့ချေ။
ပထမအကြိမ်ထက် ဒုတိယအကြိမ်က ၂ ဆခန့်မျှ အရွယ်အစား ကြီးလာခြင်း ဖြစ်၏။
သို့သော် နောက်ဆုံး ၂ ကြိမ်တွင်မူ အရွယ်အစား ပြန်လည် သေးငယ်သွားပြန်သည်။
ယခုအခါ မြွေကြီးများက လက်တစ်ဖက်အရွယ် လုံးပတ်လောက်သာ ရှိတော့ပြီး အရှည်အားဖြင့်လည်း ၁၀ ပေခန့်သာ ရှိတော့သည်။
ထိုပမာဏက ၎င်းတို့၏ သာမန်အရွယ်အစားထက် သေးငယ်သွားသည်ဟု ဆိုရမည်။
သို့သော် မြွေကြီးများ၏ ခေါင်းထက်ရှိ ရွှေရောင် အသားပိုကြီးများမှာမူ တောက်ပလျက်ရှိပြီး ရတနာ လုံးကြီးများလိုပင် ဖြစ်တည်နေကြသည်။
ယခုမြွေများက ယခင် သူတွေ့ဖူးခဲ့သည့် မြွေဘုရင် ကြီးထက် များစွာ အစွမ်းထက်နေပြီ ဖြစ်ကြောင်း ရဲရှောင် သိလိုက်သည်။
ရဲရှောင်ကို မြင်သောအခါ အားဟူက ရဲရှောင်ရှိရာ ထံ ပြေးလာပြီး အော်သံတစ်ချက် ပြုလိုက်သည်။
“ညောင် . . .”
“ကျုပ်က အံ့ဩစရာ မကောင်းဘူးလား . . .”
“ကျုပ် ဆေးလုံးတွေ အများကြီး လုပ်ထားတယ် တွေ့လား၊ ခင်ဗျား တွေ့လား . . .”
“သိပ်ပျော်မနေနဲ့ . . .”
“ဒေါက် ဒေါက် . . .”
ရဲရှောင်လည်း အားဟူ၏ ခေါင်းကို ဒေါက်ခနဲ မြည် အောင်ပင် ခေါက်လိုက်ရင်း ရှေ့ဆက်သွားလိုက်သည်။
“ဒီမှာကြည့်စမ်း ရှုပ်ပွနေတာပဲ . . .”
“မင်း သေသေချာချာ အစီစဉ်တကျဖြစ်အောင်လို့ မလုပ်တတ်ဘူးလား . . .”
“မင်းကို ငါဆေးပုလင်းတွေ သောင်းနဲ့ချီပြီး ပေး ထားတယ်လေ၊ အမျိုးအစားအလိုက် ထည့်ရမယ်လို့ ငါမမှာခဲ့ဘူးလား အခုကျ ဒါတွေက ဘာတွေလဲ၊ ဘယ် လိုဖြစ်လို့ ကြမ်းပြင်ပေါ် ဒီတိုင်း ပြန့်ကျဲနေရတာလဲ”
“ငါလုပ်တာကို မင်းက စောင့်နေတာလား ဘာတွေ လျှောက်လုပ်ထားတာလဲ . . .”
အားဟူမှာမူ ပါးစပ်မှ မကျေမနပ် ရေရွတ်ရင်း ဟို ဟိုဒီဒီ ညွှန်ပြလျက် ရှိနေလေသည်။
သူကြိုးစား လုပ်ခဲ့သည့်တိုင် ရဲရှောင်က အပြစ်လာ တင်နေ၍ မကျေမနပ် ဖြစ်နေခြင်းပါပင်။
ရဲရှောင်က မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း -
“ဆူညံပူညံ လုပ်နေတာတွေ တော်လောက်ပြီ . . .”
“ငါမင်းကို အချိန်သုံးရက်ပေးမယ် ဆေးလုံးတွေကို အမျိုးအစားအလိုက် ပုလင်းတွေထဲ ထည့်ထား . . .”
“အေး အဲဒီလို လုပ်ပြီးသွားရင် ဆေးပုလင်းတွေ အပေါ်မှာလည်း စာကပ်ထား . . .”
“ငါပြောသလို မလုပ်ထားလို့ကတော့ မင်းကို သစ် သားဟင်းလင်းပြင်ထဲ ငါပေးမဝင်တော့ဘူး . . .”
“သစ်သားဟင်းလင်ပြင်ထဲ တင်မကဘူး ကောင်း ကင်ဟင်းလင်းပြင်ထဲကိုပါ မဝင်ခိုင်းတော့ဘူးကွာ မင်း စောင့်ကြည့်နေလိုက် . . .”
သခင်ဖြစ်သူ၏ စကားကြောင့် အားဟူမှာ ခေါင်း ငိုက်စိုက်ကျကာ ဝမ်းနည်းသွားသည်။
မျက်ရည်များ ရွှဲနေသည့် မျက်လုံးဝိုင်းကြီးများဖြင့် သခင်ဖြစ်သူကို စိုက်ကြည့်နေသည်က အလွန်သနား စဖွယ်ပင် ကောင်းလွန်းလှသည်။
ထိုမြင်ကွင်းကိုသာ မိန်းကလေးငယ်များ မြင်သွား  ပါက ရူးမတတ်ပင် သဘောကျသွားနိုင်ပေသည်။
သို့သော် ရဲရှောင်မှာ မိန်းကလေး မဟုတ်သည့် အပြင် စိတ်လည်း မကြည်နေ၍ အားဟူကို လျစ်လျူ သာရှုလိုက်၏။
အားဟူအဖို့ သူ၏ အပြုအမူများက အလုပ်မဖြစ် သည်ကို သိသောအခါ ပို၍သာ ကြိုးစား၍ လုပ်နေပါ တော့သည်။
“အရှုံးသမားလေး . . .”
“ငါမင်းကို ဘယ်လို အမိန့်ပေးမလဲ စောင့်ကြည့် နေလိုက် . . .”
ရဲရှောင်လည်း အားဟူအား လှမ်းကြည့်၍ ပြော လိုက်သည်။
သို့သော် ထိုသို့ပြောနေသော်လည်း နှုတ်မှမူ ကြိတ် ၍ ပြုံးနေမိသည်။
ထိုအပြုံးက တစ်ကမ္ဘာလုံးကိုပင် သိမ်းပိုက်တော့ မည့် အပြုံးပုံစံမျိုးပင် ဖြစ်နေလေသည်။
(ငါတော့ ချမ်းသာပြီ ဟားဟား . . .)
ရဲရှောင် ကြိတ်၍ ကျေနပ်မိသည်။
(ထူးခြားအစွမ်းထက် ဆေးလုံးတွေ အများကြီးပါ လား၊ ငါဘယ်လောက်တောင် အကျိုးအမြတ်တွေ များ လိုက်သလဲ . . .)
ထိုစဉ် ခပ်လှမ်းလှမ်းမှ မြွေကြီးများက ရဲရှောင်ကို လှမ်း၍ ကြည့်နေကြသည်။
၎င်းတို့၏ ပုံစံက ရဲရှောင်ကို ကြောက်ရွံ့နေသည့်ပုံ ပင်။
တကယ်တမ်းတွင် ရဲရှောင်အနေဖြင့် ထိုမြွေများကို နာကျင်ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုမြွေများထဲမှ အချို့တစ်ဝက်ကသာ ရဲရှောင်ကို တိုက်ခိုက်ကြမည်ဆိုပါက သေချာပေါက်ပင် ရဲရှောင် ရှုံးနိမ့်သွားလိမ့်မည်။
သို့သော် အားဟူကို ရဲရှောင်မှ ကောင်းစွာ အမိန့် ပေးနိုင်နေသည်ကို မြင်၍ အားဟူထက် ရဲရှောင်က ပို ကြောက်စရာကောင်းမှန်း တွေးထင်ထားကြသည်။
ထို့ကြောင့်ပင် မြွေကြီးများက ရဲရှောင်ကို မြင်သည် နှင့် ကြောက်ရွံ့နေကြခြင်းပင်။
ထိုစဉ် ရဲရှောင်လည်း ကျင့်ကြံမှုနှုန်းကို တိုးတက် စေမည့် ဆေးလုံး ၂ လုံးကို ကောက်ယူလိုက်သည်။
ထို့နောက် ပါးစပ်ထဲသို့ ထည့်လိုက်ပြီး သစ်သား ဟင်းလင်းပြင်ထဲ ဝင်လာခဲ့လိုက်သည်။
ထိုအခါ ရဲရှောင်အဖို့ ထပ်မံ၍ အံ့ဩသွားရပြန်လေ သည်။
(ဒါက သစ်သားဟင်းလင်းပြင်လား . . .)
ရဲရှောင် ပါးစပ်အဟောင်းသားဖြင့် တွေးလိုက်မိပါ တော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now