အခန်း (၉၉၃)"ဖယ်ကျဉ်ခြင်း"

Comincia dall'inizio
                                    

“ငါတို့မှာ အချိန်ကလည်း မရှိတော့ဘူး အဲဒီတွက် မစွန့်စားနိုင်ဘူး . . .”

ခေါင်းဆောင်ဖြစ်သူ အဘိုးကြီးမှာ ဘာလုပ်ရမှန်း မသိ ဖြစ်နေပုံပါပင်။

ဆောင်ဂျူမှာ မျိုးနွယ်စုနှင့် အဆင်ပြေခြင်း မရှိခဲ့ ပေ။

ပြန်ရောက်သည်မှာ တစ်နှစ် မပြည့်သေးသည့်တိုင် ပြဿနာများစွာ ဖြစ်ပေါ်ခဲ့သည်။

မျိုးနွယ်စုအတွင်း ပြန်ရောက်ချိန်၌ သူ၏ လူများ မှာ နိမ့်ပါးနေပြီး တူဖြစ်သူမှာလည်း အသုံးမဝင်တော့ သည့် လူတစ်ဦးပမာ ဖြစ်နေသည်ကို မြင်ခဲ့ရသည်။

ထို့ကြောင့် ဆောင်ဂျူမှာ ဒေါသတကြီးဖြင့် အိမ် တော်တစ်ခုလုံးကိုပင် မီးလောင်တိုက်ထဲသွင်းရန် ကြိုး စားခဲ့သည်။

မျိုးနွယ်စု အတွင်းမှ သက်ကြီး ပညာရှင်ကြီးများ ဖြေရှင်းပေးခဲ့မှသာ ထိုပြဿနာမှာ ပြေလည်ခဲ့ရသည်။

ထိုသို့သာ မဟုတ်ပါက ဆောင်အိမ်တော်ကြီး တစ် ခုလုံး အစရှာမရအောင်ပင် ပြာကျသွားနိုင်သည်။

ဆောင်ဂျူမှာ မီးရှို့ရန် အိမ်တော်တစ်ခုလုံးကိုပင် ဆီများ လောင်းချခဲ့ပြီး ဖြစ်သည်။

ထိုသို့ ပြဿနာရှာလွန်း၍ ဆောင်မျိုးနွယ်စု တစ်ခု လုံးမှာ ဆောင်ဂျူကို မနှစ်မြို့ခြင်း ဖြစ်သည်။

(အဆင့်နိမ့် ကမ္ဘာမှာပဲ ဘာလို့ ဆက်မနေရတာလဲ၊ အဲဒီမှာဆိုရင် မင်းက ဘုရင်တောင် ဖြစ်နိုင်တယ်၊ လုပ် ချင်တာလည်း လုပ်လို့ရတယ် . . .)

(အဲဒါကို ဘာလို့များ ဒီကို ပြန်လာနေရသေးတာ လဲ၊ ဒီမှာရှိတဲ့ ဘယ်သူကမှ မင်းကို သဘောမကျဘူးဆို တာ မင်းမသိဘူးလား . . .)

တကယ်တမ်းတွင် ဆောင်ဂျူကို မလိုလားသူမှာ အကုန်လုံးတော့ မဟုတ်ချေ။

ဆောင်ဂျူ၏ အစ်ကိုအကြီးဆုံး ဆောင်ချန်မှာ မျိုး နွယ်စုခေါင်းဆောင် လျာထားခြင်း ခံရပြီး ဆောင်ဂျူ ကိုလည်း အထောက်ပံ့ပေးနိုင်ခဲ့သည်။

အတိတ်ကာလတွင် ဆောင်ဂျူမှာ ပြဿနာရှာခဲ့ ပြီး မျိုးနွယ်စုကိုလည်း ပြဿနာတောထဲသို့ ဆွဲခေါ်ခဲ့မိ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားDove le storie prendono vita. Scoprilo ora