အခန်း (၉၈၇)"ဆောင်မျိုးနွယ်စု၏ ပိုင်နက်"

Start from the beginning
                                    

ရွှမ်ပိုင်မှ ပြုံးစစဖြင့် ပြောလိုက်သည်။

ထိုပုံစံက သူမ သိသည့် လူအချို့၏ အကြောင်းကို ပြောပြနေသည်နှင့်ပင် တူနေပါသေးသည်။

ရဲရှောင်မှာမူ ခဏမျှ စဉ်းစားပြီးနောက် နားမလည် ဟန်ဖြင့် -

“မိန်းကလေးတွေကို ဆွဲဆောင်နိုင်ကြတယ် ဟုတ် လား၊ ဘယ်လိုလဲ ကျုပ်ဖြင့် မသိပါလား . . .”

ရွှမ်ပိုင်မှာ ခဏမျှ တွေဝေသွားပြီးနောက်မှ -

“အင်း ဒါကသူတို့ရဲ့ သဘာဝကြောင့်လည်း ဖြစ် နိုင်တာပဲ . . .”

“ဒီက ယောကျာ်းတွေက ရဲရင့်ပြီး စိတ်ဓာတ်ပြတ် သားကြတယ်၊ သွေးလည်း ဆူလွယ်ကြတယ် . . .”

“လူ့ပေါ်ကျော့တွေထက် အပုံကြီးသာတဲ့ တကယ့် ယောက်ျားကောင်းတွေပါပဲ . . .”

“ဒီလို လူမျိုးတွေက မိန်းကလေးတွေကို ပိုပြီး ဆွဲ ဆောင်နိုင်တယ်လို့ မထင်ဘူးလား . . .”

“ဒီဒေသမှာ နာမည်ကြီး ဇာတ်လမ်းတစ်ပုဒ်ရှိသေး တယ်၊ ရဲမျိုးနွယ်က ပါရမီရှင် လူငယ်လေး ရဲနန်ရှန်ရဲ့ အကြောင်းပေါ့ . . .”

“တစ်နေ့တော့ ချင်းဟွာနန်းတော်ရဲ့ မင်းသမီး ယွဲ့ဂေါင်ရွှဲ့က သူတို့ရဲ့ ဆေးပစ္စည်းတွေကို စုဆောင်းဖို့ ဒီနယ်မြေကို ရောက်လာခဲ့တယ် . . .”

“အဲဒီလိုနဲ့ ရဲနန်ရှန်နဲ့ ဆုံပြီး မြင်မြင်ချင်း မေတ္တာမျှ သွားခဲ့ကြတယ် . . .”

ရွှမ်ပိုင်၏ စကားကြောင့် ရဲရှောင်၏ တစ်ကိုယ်လုံး တောင့်တင်းသွားသလိုပင် ခံစားလိုက်ရသည်။

(ရဲနန်ရှန် . . .)

(ယွဲ့ဂေါင်ရွှဲ့ . . .)

(သူတို့ သူတို့က  . . .)

ရဲရှောင်၏ ရင်ထဲတွင် ဗလောင်ဆူသွားပြီး သူ့ခံစား ချက်များကို မြိုသိပ်နိုင်ရန်သာ ကြိုးစားလိုက်သည်။

“ဒါက ပုံမှန် မဟုတ်တာမျိုး ဖြစ်နေလို့လား . . .”

“အချစ်ဆိုတာ မိခင် သဘာဝတရားကြီးက မွေး ထုတ်ပေးလိုက်တဲ့ အရာတစ်ခုပဲလေ . . .”

“ယောက်ျား တစ်ယောက်နဲ့ မိန်းမ တစ်ယောက် ချစ်ကြိုက်ကြတာ ရိုးရှင်းတဲ့ သဘာဝ တရားကြီးပဲ မဟုတ်ဘူးလား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now