Chapter (929)"မင်း အရူးမလုပ်နဲ့"

Depuis le début
                                    

ရဲရှောင် စိတ်ထဲ နားမလည်နိုင် ဖြစ်သွားသည်။

(ဘာလို့များလဲ . . .)

(ဘာလို့ လင်းယုန်ကြီးက ငါ့ကို အားသိပ်မသုံးရ တော့တာလဲ . . .)

စင်စစ် လင်းယုန်ကြီးက လူသားများကို တိုက်ခိုက် ရန် စိတ်မဝင်စား။

ဒေါသထွက်နေခြင်းသာ ဖြစ်သည်။

ထို့ပြင် လူသားများ၏ အသားကို စားဖူးသည့်တိုင် သူမနှစ်မြို့။

လူသားများ၏ အသားကို ချဉ်သည်ဟုသာ လက်ခံ ထားသည်။

အချို့သော လူသားများဆိုလျှင် စက်ဆုပ်ဖွယ်ပင် ကောင်းပါသေးသည်။

တစ်နေ့တွင် လင်းယုန်ကြီးက လူတစ်ဦးကို ဖမ်း၍ စားရန် ကြံရွယ်ခဲ့သည်။

ထိုစဉ်မှာပင် ထိုလူက မစင်များ ထွက်ကျလာ၍ လင်းယုန်ကြီးအဖို့ ဆက်မစားနိုင်အောင် ဖြစ်ခဲ့ရသည်။

ထို့ကြောင့် လူသားများက စားသုံးရန် မသင့်သော အသားများဟု သတ်မှတ်ခဲ့သည်။

အကယ်၍ ရဲရှောင်သာ ထိုအချက်ကို သိသွားပါက ပျော်ရွှင်သွားနိုင်သည်။

ထို့ပြင် သူ၏ ပါးစပ်မှလည်း -

"ငါကညစ်ပတ်တဲ့ လူတစ်ယောက် . . ."

"ငါ့ကို စားရင် ချီးပါချမှာ . . ."

ထိုသို့သာ အော်ဟစ်မိမည်မှာ အသေအချာပင်။

လင်းယုန်ကြီး စားနေစဉ် မစင်ထွက်ကျခဲ့သည့် လူ ကိုလည်း သူ့အဖို့ ကျေးဇူးတင်နေမိမည်။

အနည်းဆုံးမူ ထိုလူအတွက် အမွှေးတိုင်များ ထွန်းညှိပြီး -

"ခင်ဗျားနဲ့ ခင်ဗျားချီးက ကျုပ်ဘဝကို ကယ်တင် ပေးခဲ့တာ . . ."

ထိုသို့ပင် ဆုတောင်းပေးဖြစ်နိုင်သည်။

ရဲရှောင်က လင်းယုန်ကြီး၏ တိုက်ခိုက်မှုကို ၄ကြိမ် ၅ကြိမ်ခန့် ရှောင်တိမ်းနိုင်ခဲ့သည်။

ထို့ကြောင့် လင်းယုန်ကြီးမှာ ပိုပို၍ ဒေါသထွက် လာသည်။

ထိုနေရာ တစ်ဝိုက်တွင်လည်း သတ်ဖြတ်လိုသော ချီဓာတ်များက ပိုပြင်းထန်လာသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားOù les histoires vivent. Découvrez maintenant