Chapter -34

435 55 14
                                    

GabCrouch မှာကျောင်းတက်လို့ပြီးသွားတော့
ရက်ကြာကြာမနားရဘဲ အဖေ့လုပ်ငန်းကို
ဂျောင်ဂု ဆက်ခံဖို့ပြင်ရတယ်။ ပညာပြချင်တဲ့ director တွေ၊ လူငယ်ကိုနေရာမပေးချင်တဲ့ လူကြီးတွေကို ရင်ဆိုင်ဖို့အတွက်ကြိုးစားနေရခြင်းဟာ သူ့အတွက်တော့ဘဝကိုပိုအဓိပ္ပါယ်ရှိလာစေတယ်။ ဂျီမင်းနဲ့ဝေးပြီးနောက် ဘဝကိုရေစုန်မျှောလိုက်ဖို့အကြိမ်ကြိမ်တွေးဖူးပေမယ့်
တစ်ချိန်ချိန်ဂျီမင်းပြန်သတိရလာခဲ့ရင် သူချစ်ဖူးတဲ့သူဟာအထင်ကြီးစရာနေရာမျိုးရောက်နေသင့်တယ်လို့ ဂျောင်ဂု ထင်မိတယ်။

ဂျီမင်းကို ကျူးလွန်ခဲ့တဲ့အပြစ်ကိုပေးဆပ်ဖို့က
သေခြင်းတရားထက် ပတ်ဝန်းကျင်၊မိသားစုအတွက်အသုံးဝင်တဲ့လူတစ်ယောက်အဖြစ်ကြိုးစားရှင်သန်ခြင်းက ပိုကောင်းတယ်လို့ သူယုံကြည်မိတာကြောင့် တစ်နေ့ထက်တစ်နေ့သူပိုတော်တဲ့သူဖြစ်အောင်ကြိုးစားတယ်။

တကယ်တော့ သေဖို့ထက် နေဖို့ရွေးချယ်ရတာက သူ့အတွက်ပိုခက်ခဲခဲ့တာပါပဲ။ စိမ်းသက်နေတဲ့အလုပ်တွေကို သင်ယူပြီး မသိနားမလည်တဲ့လူ့ဘောင်တစ်ခုထဲကိုတိုးဝင်ရင်း သူကြိုးစားနေချိန်မှာ ဂျီမင်းကလည်းGabcrouchမှာ ကျောင်းပြန်တက်နေခဲ့ပြီ။ အဖေကအထူးအခွင့်အရေးအနေနဲ့ ဂျီမင်းကိုသတိရတိုင်း GabCrouch ကိုလိုက်သွားဖို့ ခွင့်ပြုပေးပေမယ့် တကယ်တမ်းအလုပ်များချိန်မှာတော့ လွမ်းနေရင်တောင်
သူကြိတ်မှိတ်ခံစားနေရုံသာရှိတော့တယ်။

"ဒါပြီးရင် ဘာရှိဦးမလဲ......"

"မနက် ၁၀နာရီမှာ director တွေနဲ့ သယ်ယူပို့ဆောင်ရေးကြန့်ကြာမှုတွေကို ဖြေရှင်းဖို့အတွက်အစည်းအဝေးရှိပါမယ်.....နေ့လယ် ၁နာရီကျရင်အသင့်စားခေါက်ဆွဲစက်ရုံကို သွားစစ်ဆေးဖို့ရှိပါတယ်....ညနေ ၄နာရီမှာ ဟိုတယ်ဖွင့်ပွဲအတွက်ဖိတ်ကြားထားတာကို တက်ရောက်ရပါမယ်....ပြီးရင်တော့ရုံးဆင်းလို့ရပါပြီ....."

ဖိုင်တွဲတွေကိုစစ်ဆေးကာ လက်မှတ်ထိုးနေရင်း သူမေးတော့ အတွင်းရေးမှူးဖြစ်သူက မှတ်စု
စာအုပ်ကိုထုတ်ပြီးပြောပြတယ်။ တစ်နေ့လုံးပြည့်နေတဲ့အလုပ်တွေအကြောင်းကိုကြားလိုက်ရတော့
ဒီနေ့ပန်းချီပြပွဲမသွားဖြစ်တော့ဘူးဆိုတာ သူသေချာသွားတယ်။ ပထမဆုံးဖွင့်ပွဲနေ့ကို သွားမယ်လို့တွေးထားပေမယ့်အလုပ်များနေတာဆိုတော့ နောက်ရက်ရွှေ့လိုက်တာပိုကောင်းမယ်။ ပြီးတော့
ဒီပန်းချီပြပွဲမှာ ပန်းချီကားတွေရောင်းချမှာမဟုတ်တာကြောင့် အလောတကြီးသွားစရာမလိုဘူးလေ။

Rewrite the stars Where stories live. Discover now